Love

တစ်ယောက်တည်း သီးသန့်နေလိုတဲ့အချိန်ဆိုတာ ရှိပါတယ်

တစ်ယောက်တည်း သီးသန့်နေလိုတဲ့အချိန်ဆိုတာ ရှိပါတယ်

တစ်စုံတစ်ယောက်နဲ့ချစ်နေရင်းက ဘယ်သူ့ကိုမှ မချစ်ချင်တော့တဲ့စိတ်တွေ ဖြစ်လာတတ်တယ် .. အဲ့ဒီအချိန်ကို တစ်ယောက်တည်း သီးသန့်နေလိုတဲ့အချိန်လို့ပဲ သတ်မှတ်ရတော့မှာပေါ့ ဘယ်သူ့ကိုမှ မလွမ်းချင်တော့ဘူး ဘယ်သူ့ကိုမှ မချစ်ချင်တော့ဘူး

တခြားတစ်ယောက်ကို လိုချင်လို့ ဒီလူ့ကိုခွာတယ်ဆိုတာမျိုးမဟုတ်ပဲ ချစ်တယ်ဆိုတဲ့စကားတွေ လွမ်းတယ်ဆိုတဲ့စကားတွေကို ကိုယ်ကိုယ်တိုင်လဲ မပြောချင်လာတော့သလို ကိုယ့်ကိုပြောလာတဲ့အခါလဲ မပျော်လာတော့ဘူး .. ကိုယ်တစ်ယောက်တည်းပဲ နေနေချင်လာတယ်

အရင်ကဆို … သူဖုန်းမဆက်မှာ သိပ်ကြောက်တယ် အခုတော့ ကိုယ့်ဆီဖုန်းတွေမဆက်ရင် ကိုယ့်စိတ်တွေက ပိုပြီးအဆင်ပြေနေသလိုပါပဲ သူ့ကို စိတ်ကုန်လာတာလားဆိုတဲ့မေးခွန်းတွေတော့ မမေးပါနဲ့တော့ သူ့ကို စိတ်ကုန်တယ် ဆိုတာထက် ချစ်ရခြင်း လွမ်းရခြင်းတွေကို စိတ်ကုန်လာခဲ့တာပါ

အပြောင်းအလဲမြန်လိုက်တာတဲ့ မဟုတ်ဘူး ကိုယ်ခံစားနေရတဲ့အတိုင်း ကိုယ် ဝန်ခံပြောပြရုံပါ လူတိုင်းမှာ တစ်ကြိမ်မဟုတ် တစ်ကြိမ်တော့ ဒီလိုနေချင်တဲ့ အချိန်တွေဆိုတာ ရှိပါတယ် … ကျွန်မတော့ ဘယ်သူ့ကိုမှ ထပ်ချစ်ဖြစ်တော့မှာ မဟုတ်သလို ဘယ်သူ့ကိုမှလဲ မလွမ်းချင်တော့ဘူး

ကိုယ့်ဖုန်းလေးကို ခဏပိတ်ထားပြီး ဘယ်သူမှမရှိတဲ့အရပ်မှာ ခဏလောက် ဘယ်သူနဲ့မှ မဆက်သွယ်တော့ပဲ သီးသန့်နေချင်နေမိတယ် …

မူရင်းစာရေးသားသူ သျှင်ယွန်း လေးစားစွာဖြင့် ‌ပြန်လှန်မျှဝေခြင်းဖြစ်ပါတယ

တစ္ေယာက္တည္း သီးသန့္ေနလိုတဲ့အခ်ိန္ဆိုတာ ရွိပါတယ္

တစ္စံုတစ္ေယာက္နဲ႕ခ်စ္ေနရင္းက ဘယ္သူ့ကိုမွ မခ်စ္ခ်င္ေတာ့တဲ့စိတ္ေတြ ျဖစ္လာတတ္တယ္ .. အဲ့ဒီအခ်ိန္ကို တစ္ေယာက္တည္း သီးသန့္ေနလိုတဲ့အခ်ိန္လို့ပဲ သတ္မွတ္ရေတာ့မွာေပါ့ ဘယ္သူ့ကိုုမွ မလြမ္းခ်င္ေတာ့ဘူး ဘယ္သူ့ကိုမွ မခ်စ္ခ်င္ေတာ့ဘူး

တျခားတစ္ေယာက္ကို လိုခ်င္လို့ ဒီလူ့ကိုခြာတယ္ဆိုတာမ်ိဳးမဟုတ္ပဲ ခ်စ္တယ္ဆိုတဲ့စကားေတြ လြမ္းတယ္ဆိုတဲ့စကားေတြကို ကိုယ္ကိုယ္တိုင္လဲ မေျပာခ်င္လာေတာ့သလို ကိုယ့္ကိုေျပာလာတဲ့အခါလဲ မေပ်ာ္လာေတာ့ဘူး .. ကိုယ္တစ္ေယာက္တည္းပဲ ေနေနခ်င္လာတယ္

အရင္ကဆို … သူဖုန္းမဆက္မွာ သိပ္ေၾကာက္တယ္ အခုေတာ့ ကိုယ့္ဆီဖုန္းေတြမဆက္ရင္ ကိုယ့္စိတ္ေတြက ပိုျပီးအဆင္ေျပေနသလိုပါပဲ သူ့ကို စိတ္ကုန္လာတာလားဆိုတဲ့ေမးခြန္းေတြေတာ့ မေမးပါနဲ႕ေတာ့ သူ့ကို စိတ္ကုန္တယ္ ဆိုတာထက္ ခ်စ္ရျခင္း လြမ္းရျခင္းေတြကို စိတ္ကုန္လာခဲ့တာပါ

အေျပာင္းအလဲျမန္လိုက္တာတဲ့ မဟုတ္ဘူး ကိုယ္ခံစားေနရတဲ့အတိုင္း ကိုယ္ ၀န္ခံေျပာျပရံုပါ လူတိုင္းမွာ တစ္ၾကိမ္မဟုတ္ တစ္ၾကိမ္ေတာ့ ဒီလိုေနခ်င္တဲ့ အခ်ိန္ေတြဆိုတာ ရွိပါတယ္ … ကြ်န္္မေတာ့ ဘယ္သူ့ကိုမွ ထပ္ခ်စ္ျဖစ္ေတာ့မွာ မဟုတ္သလို ဘယ္သူ့ကိုမွလဲ မလြမ္းခ်င္ေတာ့ဘူး

ကုိယ့္ဖုန္းေလးကို ခဏပိတ္ထားျပီး ဘယ္သူမွမရွိတဲ့အရပ္မွာ ခဏေလာက္ ဘယ္သူနဲ႕မွ မဆက္သြယ္ေတာ့ပဲ သီးသန့္ေနခ်င္ေနမိတယ္ …

 

Leave a Comment