Love

အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ စကားပြောလေ့ရှိသူတွေ ဉာဏ်ကောင်းရခြင်း အကြောင်းအရင်း

သင်က လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်မပြေဖြစ်လို့ ခွေးလေးကို ရင်ဖွင့်ပြောပြတဲ့အခါ ညစာ ဘာစားရင် ကောင်းမလဲလို့ ကြောင်လေးနဲ့ တိုင်ပင်တဲ့ အခါ စိတ်သက်သာရာ ရသွားပြီး ပျော်သွားမှာပါ။ ခွေးတွေ၊ ကြောင်တွေနဲ့ စကားပြောကို ရူးနေတယ်လို့ တချို့က ထင်ကြ ပါလိမ့်မယ်။

 

 

အိမ်မွေးတိရစ္ဆာန်လေး တွေနဲ့ စကားပြောလေ့ ရှိတဲ့ သူတွေက တကယ်တော့ ဉာဏ်ရည်မြင့်တဲ့ သူတွေရဲ့ လက္ခဏာတစ်ရပ် ပါပဲ။ အိမ်မွေး တိရစ္ဆာန်လေးတွေက လူတွေရဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေပါ။ လူတွေ ပျော်နေတဲ့ အချိန်ဖြစ်ဖြစ်၊ ဝမ်းနည်းနေတဲ့ အချိန်ဖြစ်ဖြစ် သူတို့ကတော့ အမြဲ ရှိနေမှာပါ ။ အဲဒါကြောင့် ကိုယ်ခံစားရတဲ့ အကြောင်းတွေကို တိရစ္ဆာန်လေးတွေဆီ ပြောပြတာက အဆန်းတော့ မဟုတ်ပါဘူး။

 

 

အဲဒီလို ပြောတတ်တဲ့ သူတွေအတွက် စိုးရိမ်ပြီး ဆရာဝန်ဆီလည်း သွားပြစရာ မလိုပါဘူးနော်။ အိမ်မွေး တိရစ္ဆာန်လေးတွေနဲ့ စကားပြောတာက ဉာဏ်ကောင်းပြီး တီထွင်စွမ်းမြင့်တဲ့ လက္ခဏာပါ။ ” အိမ်မွေး တိရစ္ဆာန်လေးတွေနဲ့ စကားပြောခြင်းက ကြင်နာပြီး ဉာဏ်ကောင်းတဲ့ လူသားရဲ့ သဘာဝဖြစ်တယ်” လို့ Nicholas Epley က ပြောပါတယ်။

 

ကလေးတွေက ဘယ်နေရာမှာ မဆို မိတ်ဆွေဖွဲ့နိုင်တဲ့ စွမ်းရည် ရှိပါတယ်။ ကလေးတွေက ဝက်ဝံရုပ်လေးတွေ၊ ယုန်ရုပ်လေးတွေ၊ ကားရုပ်လေးတွေကို အိပ်ရာထဲ ခေါ်ပြီး သိပ်တတ်ကြ ပါတယ်။ ပြီးတော့ စကားလည်း ပြောတတ်ကြပါတယ်။ အဲဒီလို ကြင်နာတတ်တဲ့ ကလေးတွေက ကြီးလာတဲ့ အခါ ဉာဏ်ရည်မြင့်တယ်လို့ စာတမ်းတွေမှာ ဖော်ပြထားပါတယ်။

 

ကလေးတွေက အရုပ်လေးတွေကိုချစ်ပြီး အရုပ်နဲ့စကားပြောနေရင် မိဘတွေက သဘောကျကြ ပါတယ်။ ပြီးတော့ ဖုန်းတွေ၊ ကွန်ပျူတာတွေနဲ့ စကားပြောလေ့ရှိတဲ့ အရွယ်ရောက်ပြီးသား လူငယ်တွေကို တွေ့ရင် မရင့်ကျက်သေး ဘူးလား၊ စိတ္တဇဖြစ်နေတာလားလို့ ထင်ကြပါလိမ့်မယ်။ အသက်မရှိတဲ့ ပစ္စည်းတွေကို စကားပြောခြင်းနဲ့ အိမ်မွေးတိရစ္ဆာန်တွေကို စကားပြောခြင်းက ခြားနားမှု မရှိပါဘူး။

Epley က ရေဒီယိုမှာ လွှင့်တဲ့ Car Talk အကြောင်းကို ဥပမာပေးပြီး ဆွေးနွေးပြပါတယ်။ ကားတွေကို သဘောကျတဲ့သူ များလာလေလေ ကားအကြောင်းတွေ ပိုပြောဖြစ်လာလေ ပါပဲတဲ့။ အဲဒါကြောင့် အိမ်မွေး တိရစ္ဆာန်လေးတွေနဲ့ စကားပြောလေ့ ရှိခြင်းက စိုးရိမ်စရာ မရှိပါဘူး။ ဒါက သာမန်ဖြစ်တတ်တဲ့ ကိစ္စဖြစ်ပြီး ဦးနှောက်ရဲ့ လုပ်ငန်းတွေ ကလည်း ကောင်းမွန်နေ လို့ပါ။

ဒီတစ်ခါ အိမ်မွေး တိရစ္ဆာန်လေးတွေနဲ့ လမ်းလျှောက်ထွက်ရင်း စကားပြောတဲ့ အခါ တခြားသူတွေရဲ့ အံ့ဩတဲ့ အကြည့်တွေကို ဂရုမစိုက် ပါနဲ့တော့။ သူတို့က သင်ဉာဏ်ကောင်းတာကို မနာလို ဖြစ်နေလို့ပါ။

 

Zombie (Lovemedia)

for zawgyi

အိမ္ေမြးတိရစာၦန္ေလးေတြနဲ႔ စကားေျပာေလ့ရွိသူေတြ ဉာဏ္ေကာင္းရျခင္း အေၾကာင္းအရင္း

သင္က လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ အဆင္မေျပျဖစ္လို႔ ေခြးေလးကို ရင္ဖြင့္ေျပာျပတဲ့အခါ ညစာ ဘာစားရင္ ေကာင္းမလဲလို႔ ေၾကာင္ေလးနဲ႔ တိုင္ပင္တဲ့ အခါ စိတ္သက္သာရာ ရသြားၿပီး ေပ်ာ္သြားမွာပါ။ ေခြးေတြ၊ ေၾကာင္ေတြနဲ႔ စကားေျပာကို ႐ူးေနတယ္လို႔ တခ်ိဳ႕က ထင္ၾက ပါလိမ့္မယ္။

 

အိမ္ေမြးတိရစာၦန္ေလး ေတြနဲ႔ စကားေျပာေလ့ ရွိတဲ့ သူေတြက တကယ္ေတာ့ ဉာဏ္ရည္ျမင့္တဲ့ သူေတြရဲ႕ လကၡဏာတစ္ရပ္ ပါပဲ။ အိမ္ေမြး တိရစာၦန္ေလးေတြက လူေတြရဲ႕ အရင္းႏွီးဆုံး သူငယ္ခ်င္းေတြပါ။ လူေတြ ေပ်ာ္ေနတဲ့ အခ်ိန္ျဖစ္ျဖစ္၊ ဝမ္းနည္းေနတဲ့ အခ်ိန္ျဖစ္ျဖစ္ သူတို႔ကေတာ့ အၿမဲရွိေနမွာပါ ။ အဲဒါေၾကာင့္ ကိုယ္ခံစားရတဲ့ အေၾကာင္းေတြကို တိရစာၦန္ေလးေတြဆီ ေျပာျပတာက အဆန္းေတာ့ မဟုတ္ပါဘူး။

အဲဒီလို ေျပာတတ္တဲ့ သူေတြအတြက္ စိုးရိမ္ၿပီး ဆရာဝန္ဆီလည္း သြားျပစရာ မလိုပါဘူးေနာ္။ အိမ္ေမြး တိရစာၦန္ေလးေတြနဲ႔ စကားေျပာတာက ဉာဏ္ေကာင္းၿပီး တီထြင္စြမ္းျမင့္တဲ့ လကၡဏာပါ။ ” အိမ္ေမြး တိရစာၦန္ေလးေတြနဲ႔ စကားေျပာျခင္းက ၾကင္နာၿပီး ဉာဏ္ေကာင္းတဲ့ လူသားရဲ႕ သဘာဝျဖစ္တယ္” လို႔ Nicholas Epley က ေျပာပါတယ္။

ကေလးေတြက ဘယ္ေနရာမွာ မဆို မိတ္ေဆြဖြဲ႕ႏိုင္တဲ့ စြမ္းရည္ ရွိပါတယ္။ ကေလးေတြက ဝက္ဝံ႐ုပ္ေလးေတြ၊ ယုန္႐ုပ္ေလးေတြ၊ ကား႐ုပ္ေလးေတြကို အိပ္ရာထဲ ေခၚၿပီး သိပ္တတ္ၾက ပါတယ္။ ၿပီးေတာ့ စကားလည္း ေျပာတတ္ၾကပါတယ္။ အဲဒီလို ၾကင္နာတတ္တဲ့ ကေလးေတြက ႀကီးလာတဲ့ အခါ ဉာဏ္ရည္ျမင့္တယ္လို႔ စာတမ္းေတြမွာ ေဖာ္ျပထားပါတယ္။

ကေလးေတြက အ႐ုပ္ေလးေတြကိုခ်စ္ၿပီး အ႐ုပ္နဲ႔စကားေျပာေနရင္ မိဘေတြက သေဘာက်ၾက ပါတယ္။ ၿပီးေတာ့ ဖုန္းေတြ၊ ကြန္ပ်ဴတာေတြနဲ႔ စကားေျပာေလ့ရွိတဲ့ အ႐ြယ္ေရာက္ၿပီးသား လူငယ္ေတြကို ေတြ႕ရင္ မရင့္က်က္ေသး ဘူးလား၊ စိတၱဇျဖစ္ေနတာလားလို႔ ထင္ၾကပါလိမ့္မယ္။ အသက္မရွိတဲ့ ပစၥည္းေတြကို စကားေျပာျခင္းနဲ႔ အိမ္ေမြးတိရစာၦန္ေတြကို စကားေျပာျခင္းက ျခားနားမႈ မရွိပါဘူး။

Epley က ေရဒီယိုမွာ လႊင့္တဲ့ Car Talk အေၾကာင္းကို ဥပမာေပးၿပီး ေဆြးေႏြးျပပါတယ္။ ကားေတြကို သေဘာက်တဲ့သူ မ်ားလာေလေလ ကားအေၾကာင္းေတြ ပိုေျပာျဖစ္လာေလ ပါပဲတဲ့။ အဲဒါေၾကာင့္ အိမ္ေမြး တိရစာၦန္ေလးေတြနဲ႔ စကားေျပာေလ့ ရွိျခင္းက စိုးရိမ္စရာ မရွိပါဘူး။ ဒါက သာမန္ျဖစ္တတ္တဲ့ ကိစၥျဖစ္ၿပီး ဦးေႏွာက္ရဲ႕ လုပ္ငန္းေတြ ကလည္း ေကာင္းမြန္ေန လို႔ပါ။

ဒီတစ္ခါ အိမ္ေမြး တိရစာၦန္ေလးေတြနဲ႔ လမ္းေလွ်ာက္ထြက္ရင္း စကားေျပာတဲ့ အခါ တျခားသူေတြရဲ႕ အံ့ဩတဲ့ အၾကည့္ေတြကို ဂ႐ုမစိုက္ ပါနဲ႔ေတာ့။ သူတို႔က သင္ဉာဏ္ေကာင္းတာကို မနာလို ျဖစ္ေနလို႔ပါ။

Zombie (Lovemedia)

 

Leave a Comment