Daily News

နှစ်ပေါင်း ၈၀ အကြာခွဲခွါနေခဲ့ရပေမဲ့ ပြန်ဆုံတဲ့အခါ အရင်လိုဘဲခင်မင်ကာ ပြောစရာမကုန်တဲ့အထိ စကားပြောခဲ့ကြတဲ့ အသက် ၉၀ အရွယ် အဘွားသုံးဦး

အလုပ်သစ်ကိစ္စ နှင့် နေရာအသစ်တစ်ခုသို့ပြောင်းရွှေ့ခြင်းဖြင့် ရင်းနှီးတဲ့သူငယ်ချင်းများနဲ့ခွဲခွါရတာက သာမာန်ကိစ္စတစ်ခုဖြစ်ပေမဲ့လည်း အသက် ၉၀ မှ ၉၉ အတွင်းရှိတဲ့ Tan Bee Joo, Foo Mee Keow နဲ့ Cheah Phaik Soo ဆိုတဲ့အမျိုးသမီးသူငယ်ချင်းသုံးဦးတို့ဟာ ဒုတိယကမ္ဘာစစ်အတွင်းနှစ်ပေါင်း ၈၀ ကျော်ကြာကွဲကွာခဲ့ကြရပေမဲ့ ၎င်းတို့အချင်းချင်းပြန်တွေ့ကြတဲ့အခါမှာ ပထမဆုံးအကြိမ်သူငယ်ချင်းများအဖြစ်တွေ့ဆုံခဲ့တဲ့အချိန်တုန်းကလို စိတ်လှုပ်ရှားနေခဲ့ကြတုန်းပါပဲလို့ ဆိုခဲ့ကြပါတယ်။


၎င်းတို့ရဲ့ခင်မင်မှုကတော့ လေးစားစရာပါဘဲ။ ၎င်းတို့ဟာ Malaysia နိုင်ငံ Penang မြို့ရှိ St. George ကျောင်းမှာ မူလတန်းအရွယ်မှာအချင်းချင်းပထမဆုံးစတွေ့ခဲ့ကြပြီး ၎င်းတို့သုံးယောက်စလုံး ဟာ မခွဲနိုင်မခွါနိုင်တဲ့ခင်မင်ရင်းနှီးမှုတစ်ခုကို တည်ဆောက်ခဲ့ကြပါတယ်။


အလယ်တန်းအထိ အဘွားတို့သုံးယောက်စလုံးဟာ တောက်လျှောက်ခင်မင်လာခဲ့ကြသလို အတူတကွအချိန်ဖြုန်းလေ့ရှိခဲ့ကြပေမဲ့ ၁၉၄၁ ခုနှစ်မှာ Malaysia ကို Japan များသိမ်းပိုက်လိုက်တဲ့အခါမှာ စစ်ပွဲများကြောင့် ကျောင်းများစွာကို ပိတ်ထားခဲ့လိုက်ရတာကြောင့် ၎င်းတို့ဝေးကွာသွားခဲ့ရကြောင်း အဘွား Tan က ဆိုခဲ့ပါတယ်။


” ၁၉၄၁ ခုနှစ် နိုဝင်ဘာလရဲ့အားလပ်ရက်တစ်ရက်မှာ ငါတို့နှုတ်ဆက်ကြတဲ့အခါ၊ အဲ့တာက ငါတို့တစ်ယောက်နဲ့တစ်ယောက်အကြာကြီးတွေ့ဖို့ နောက်ဆုံးအကြိမ်ဖြစ်လိမ့်မယ်လို့ ငါဘယ်တုန်းကမှမထင်ခဲ့ဘူး” လို့ အဘွား Foo က ဆက်ပြောပြခဲ့ပါတယ်။ အဘွား Foo ၊ Cheah နှင့် Tan တို့ဟာ ၎င်းတို့ရဲ့သီးခြားဘဝများသို့မရောက်ခင်မှာ ၁၃ နှစ်သာရှိကြပါသေးတယ်။


၁၉၄၅ ခုနှစ်မှာ ဂျပန်တို့လက်နက်ချပြီးနောက် ၎င်းတို့ဟာ ကျောင်းပြန်မတက်ခဲ့ကြရပါဘူး။ ကံကောင်းစွာနဲ့ဘဲ Penang မြို့မှာ ရှိနေတဲ့ အဘွား Cheah နှင့် Foo တို့က သူတို့အချင်းချင်းအဆက်အသွယ်ပြန်ရခဲ့ကြပါတယ်။ အဘွား Chean ဟာ သူမရဲ့ဝါသနာကို စွန့်လွှတ်ခဲ့လိုက်ကာ သူမရဲ့အသက် ၂၀ ကျော်မတိုင်မီ သားဖွားဆရာမတစ်ဦး ဖြစ်လာခဲ့ပြီး အဘွား Foo ဟာလည်း စက်ချုပ်သမားအဖြစ် အလုပ်ဆက်လုပ်ခဲ့ပါတယ်။ ထိုအတောအတွင်းမှာ အဘွား Tan က သူမရဲ့မိသားစုနှင့်အတူ Kuala Lumpur သို့ပြောင်းရွှေ့သွားခဲ့ပြီး သူမရဲ့အချစ်ဆုံးသူငယ်ချင်းနှစ်ဦး နှင့် အဆက်အသွယ်ပြတ်သွားခဲ့ပါတယ်။


ထိုအချိန်မှစ၍ အဘွားTan ဟာ အဘွား Cheah နှင့် Foo တို့နှင့် နှစ် ၄၀ အကြာကွဲကွာသွားခဲ့ပြီးနောက်မှာ ညဈေးတစ်ခုမှာ သူငယ်ချင်းသုံးယောက်သားပြန်ဆုံခဲ့ကြပြီး ယခင်က တစ်ခါမှမခွဲခွာခဲ့ဖူးသကဲ့သို့ ၎င်းတို့ရဲ့ခင်မင်ရင်းနှီးမှုကို လျင်မြန်စွာ ပြန်လည်စတင်ခဲ့ကြပါတယ်။ “ အေးအတူပူအမျှ ငါ့သူငယ်ချင်းတွေက ငါ့အတွက် အမြဲရှိနေခဲ့ကြတယ် ၊ အဲဒါတွေကြောင့် Cheah နှင့် Foo ကို ငါအချစ်ဆုံးဘဲ ” လို့ အဘွား Tan က ၎င်းတို့ရဲ့ခင်မင်မှုအကြောင်းကို ပြောပြခဲ့ပါတယ်။


“ ငါတို့လိုသူငယ်ချင်းကောင်းတစ်ယောက်ကို ဆက်လက်ထိန်းသိမ်းထားနိုင်တဲ့လျှို့ဝှက်ချက်က တစ်ယောက်နဲ့တစ်ယောက်ရိုးသားဖို့ပါဘဲ ၊ သူငယ်ချင်းကောင်းတွေက မကောင်းတဲ့အတင်းအဖျင်းတွေ မဖြန့်ကြဘူး ၊ ငါတို့နဲ့တူတဲ့သူငယ်ချင်းဆက်ဆံရေးကို အခြားဘယ်နေရာမှာမှ ရှာတွေ့နိုင်မှာမဟုတ်ဘူး ” လို့ အဘွား Foo က ထပ်မံပြောကြားခဲ့ပါသေးတယ်။ အဘွားတို့ရဲ့သူငယ်ချင်းသံယောဇဉ်ကတော့ အတုယူစရာကောင်းလှပါတယ်။

Mia (Mckzone Daily)

Source : goodtimes

Leave a Comment