Daily News

မူလတန်းကျောင်းသားဘဝက ပွဲတစ်ခုမှာ ပထမဆုံးတွေ့ဆုံခဲ့ပြီး ၁၂ နှစ်အကြာလက်တွဲလာခဲ့တဲ့ငယ်ချစ်ဦးအား ကြည်နူးဖွယ်ချစ်ခွင့်ပန်ခဲ့တဲ့ အမျိုးသားတစ်ဦး (ရုပ်သံ)

မူလတန်းကျောင်းဟာ ကျွန်တော်တို့အတွက် မူလတန်းကနေ အလယ် ၊ အထက်တန်းကဲ့သို့ အတန်းတစ်နှစ်ပြီးတစ်နှစ်ပြောင်းနေရတာကြောင့် ကျွန်တော်တို့ရဲ့အနာဂတ်အိမ်ထောင်ဖက်နှင့်တွေ့ဆုံရန် မျှော်လင့်ထားတဲ့ နောက်ဆုံးနေရာတစ်နေရာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သို့ပေမဲ့လည်း ကလေးဘဝကတည်းကတွဲခဲ့ကြတဲ့ချစ်သူစုံတွဲတစ်တွဲအတွက်ကတော့ ၎င်းတို့ဟာ င်္စကာပူနိုင်ငံ Townsville မူလတန်းကျောင်းမှာ ပထမဆုံးတွေ့ဆုံခဲ့ကြပြီးတဲ့နောက် အခုတော့လက်ထပ်ကြတော့မှာပါ။


.


ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်နေ့မှာ တင်ခဲ့တဲ့ YouTube ဗီဒီယိုတစ်ခုတွင် ခင်ပွန်းဖြစ်သူ Bryan Lee ဟာ ၎င်းတို့ရဲ့ မူလတန်းငါးတန်းနှင့်မူလတန်းသုံးတန်းအရွယ်ကတည်းက သူ့ရဲ့ဇနီးဖြစ်လာမဲ့သူကို တွေ့ရှိခဲ့ပါတယ်။ ထိုစဉ်က မူလတန်းကျောင်းရဲ့ချီတက်ပွဲရင်ပြင်မှာ Lee မသိတဲ့ကောင်မလေးတစ်ယောက်က သူ့ဆီကို လမ်းလျှောက်လာပြီး သူမနဲ့အတူ လေ့ကျင့်ချင်လားလို့ သူ့အား မေးခဲ့ပါတယ်။


.


ထိုနေ့က အာကစားအတွက် လေ့ကျင့်နေခဲ့တဲ့ကောင်မလေးဟာ နောက်ဆုံးမှာ Leeရဲ့ကောင်မလေးဖြစ်လာခဲ့ပါတယ်။ Lee ရဲ့အဆိုအရ ၎င်းပထမဆုံးတွေ့ဆုံမှုအပြီးမှာ Leeဟာ သူမအား သဘောကျသွားခဲ့ပြီး သူမနှင့်တွဲနိုင်ရန်အတွက် နည်းလမ်းအမျိုးမျိုးကြိုးစားခဲ့ရပါတယ်။ ထို့နောက် ၎င်းတို့စုံတွဲဟာ အလယ်တန်းကျောင်းသားဘဝဖြစ်တဲ့ ၂၀၀၉ ခုနှစ် ၂၂ ရက်နေ့မှာ စတင်တွဲခဲ့ကြပါတယ်။


ထို့နောက် တွဲလာပြီး ၁၂ နှစ်ကြာလာတဲ့နောက်မှာ Lee ဟာ ၎င်းတို့စုံတွဲရဲ့အကြီးမားဆုံးဆန္ဒတစ်ခုကို ပြုလုပ်ရန်ဆုံးဖြတ်ခဲ့ပါတယ်။ ဗီဒီယိုထဲအရ Lee ဟာ ချစ်သူကောင်မလေးဖြစ်တဲ့ Belle Chia ရဲ့မွေးနေ့ပွဲမှာ တောင်တက်ခရီးတစ်ခုသွားပြီး တောင်ပေါ်မှာ ကျင်းပရန်အတွက် သူ့ရဲ့သူငယ်ချင်းနှင့်တိုင်ပင်ခဲ့ပါတယ်။


ထို့နောက် Chia က သူငယ်ချင်းတစ်ယောက်နဲ့ မနက်စာစားနေတဲ့အချိန်မှာ Lee ဟာ သူ့ရဲ့သူငယ်ချင်းများနှင့်အတူ Hort Park ပန်းခြံမှာ ချစ်ခွင့်ပန်နိုင်မဲ့နေရာ ၊ ပန်းများ ၊ ပူစီဖောင်းများ ၊ mini games များနှင့် band တစ်ခုကိုပါဌားရမ်းခဲ့ပါတယ်။


၎င်းတို့စုံတွဲဟာ ၎င်း ပန်းခြံရှိမြက်ခင်းစိမ်းရင်ပြင်ပေါ်သို့ ရောက်လာတဲ့အခါ ချစ်သူ Chia ကလည်း ဘာတွေဖြစ်ပျက်နေလဲဆိုတာကို သိသွားခဲ့ပါတယ်။ ထို့နောက် Lee ဟာလည်း Chia ရဲ့ရှေ့မှာ ဒူးထောက်ကာ “ ငါ ဒီဟာကို တိုတိုနဲ့ ချိုမြိန်စေချင်တယ်၊ ဒါက ငါတို့ရဲ့နောက်ဆုံးနေ့မဟုတ်ပါဘူး ၊ ဒီထက်ပျော်ရွှင်လာမဲ့ ပထမဆုံးနေ့ပါ ၊ ငါ့ရဲ့နှလုံးသားထဲကနေ မေးလိုက်ချင်တယ် ၊ မင်း ငါ့ကို လက်ထပ်မလား ” ဟု ကြည်နူးဖွယ်ချစ်ခွင့်ပန်ခဲ့ပါတော့တယ်။


ထို့နောက် Chia ကလည်း ချက်ချင်းဘဲ yes လို့ ဖြေပေးခဲ့ပါတယ်။ နောက်ပိုင်းတော့ Lee ဟာ Chia နှင့်အတူ ဆယ်စုနှစ်တစ်ခုကျော်ကြာသည့်တိုင်တွဲလာခဲ့ပေမဲ့ ၎င်းချစ်ခွင့်ပန်တဲ့အချိန်၌ သူဟာအလွန်ပင်စိတ်ပူပန်နေခဲ့ကြောင်း ကို Facebook ပေါ်မှာ ပြန်လည်ရေးသားခဲ့ပါသေးတယ်။

ဒါဟာ ဘယ်လောက်တောင် sweet ဖြစ်လိုက်တဲ့အချစ်ဇာတ်လမ်းလေးပါလားဗျာ။ ကျွန်တော်တို့ဟာ ကလေးဘဝအရွယ်က အချစ်ဦးနဲ့ပြန်တွေ့ဆုံရဖို့ဆိုတာ မလွယ်ကူသလို မဖြစ်နိုင်သလောက် ရှားပါတယ်။ သို့ပေမဲ့ ဒီစုံတွဲလေးကတော့ အချိန်အကြာကြီးလက်တွဲခဲ့ကြပြီး သူတို့ရဲ့ရည်မှန်းချက်နှင့်ပန်းတိုင်ကို အလျှောက်လှမ်းနိုင်ခဲ့ကြပါတယ်။ စာဖတ်သူတို့မှာကော ကလေးဘဝက အချစ်ဦးလေးနဲ့ ယခုအချိန်ထိ အဆက်အသွယ်ရှိနေသေးရဲ့လားဗျာ။

Mia (Mckzone Daily)

Source : mothership

Leave a Comment