Daily News

ဆွဲဆောင်မှုအပြည့်ရှိပြီး ချောမောလှပ၍ ဆိုင်တွင် ယောကျာ်းလေးများ တန်းစီနေသော ကြက်ဆီထမင်းသည်မလေး

ထိုင်းနိုင်ငံမှ ကြက်ဆီထမင်းနှင့် စားသောက်ဆိုင်ကြီး ဖွင့်ထားသော Kamoluk အမည်ရှိသော အသက် ၂၅နှစ်အရွယ် မိန်းကလေးသည် မော်ဒယ်မလေးတစ်ဦးဖြစ်ကာ ချောမောလှပသော ရုပ်ရည်အသွင်အပြင်ကြောင့် ဆိုင်တွင် ယောကျာ်းလေးများတန်းစီလျက်ရှိသည်။


မိန်းကလေးသည် ကပ်ရောဂါဆိုးကြီးကြောင့် အနုပညာအလုပ်အား ရပ်ဆိုင်းထားရခြင်းဖြင့် အလုပ်လက်မဲ့ဖြစ်သွားကာ စားဝတ်နေရေးအတွက် စားသောက်ဆိုင်ကို ဖွင့်လှစ်ခဲ့သည်။


ငယ်စဥ်က မိခင်ဖြစ်သူ ကြက်ဆီထမင်းလုပ်ကျွေးခဲ့သည်ကို သတိရသွားပြီး ချက်ပြုတ်နည်းကို မိခင်အားမေးမြန်းပြီးနောက် ကိုယ်တိုင်ရောင်းချခဲ့ရာ လက်ရာကောင်းမှုနှင့် ဆွဲဆောင်မှုရှိသော အလှတရားတို့ကြောင့် ယောကျာ်းလေးများမှာ ဆိုင်တွင် စည်ကားနေပြီး လူမှုကွန်ယက်တစ်ခုလုံးတွင် နာမည်ကြီးလာခဲ့သည်။

1


2


3


4


5


6


7


Hlaing (Love Feeling)

Zawgyi












Hlaing (Love Feeling)

Leave a Comment