Daily News










Rain (For Ialinks)

Unicode

၅နှစ်ကျော်တွဲလာခဲ့သော ချစ်သူကောင်လေးမှာ ဘယ်တော့မှ မခွဲပူးဆိုပြီး ဂတိတွေပေးကာ ထားသွားခဲ့သည့်အတွက် ခွေးလေးတစ်ကောင်နှင့်အတူ ခရီးပတ်ထွက်ပစ်ခဲ့သော မိန်းကလေး

အချစ်ဆိုသောအရာသည် ကိုင်တွယ်ထိတွေ့လို့မရပေမယ့် ခံစားကြည့်ရုံနဲ့ နက်ရှိုင်းသော အရာတစ်ခုဖြစ်ပြီး လူတစ်ယောက်ဧ။် ဘဝတစ်ခုလုံးကို ပြောင်းလဲပစ်နိုင်သည့် စွမ်းအားရှင်တစ်ခုလည်းဖြစ်သည်။


ယခုအခါတွင်လည်း အမေရိကန်နိင်ငံ Wisconsinပြည်နယ်တွင် နေထိုင်သော Linnea Schmelzer အမည်ရှိ အသက် ၂၆နှစ်အရွယ် မိန်းကလေးသည် အသက်လောက်ချစ်ခဲ့ရသော ချစ်သူကောင်လေးဧ။် လမ်းခွဲခြင်းကို ခံလိုက်ရပြီးနောက် စိတ်နာနာနှင့် အလုပ်မှထွက်ကာ အိမ်မှာမနေတော့ပဲ ခရီးသာပတ်ထွက်ပစ်ခဲ့သည်။


မိန်းကလေးသည် ကုမ္ပဏီတစ်ခုတွင် ကုထုံးပညာရှင်တစ်ဦးဖြစ်ပြီး ချစ်သူသက်တမ်း ၅နှစ်ပြည့်မှာ ကောင်လေးဆီကနေ မထင်မှတ်ပဲ လမ်းခွဲစကားအပြောခံလိုက်ရကာ အလူးအလဲခံစားခဲ့ရသည်။


ထို့နောက် မိန်းကလေးသည် ခံစားနေရသော စိတ်ဒဏ်ရာသက်သာအောင်ဆိုပြီး အိမ်တွင်မွေးထားသော ချစ်စဖွယ် ခွေးလေးတစ်ကောင်နှင့်အတူ ကားစီးရင်း စိတ်ပြေလက်ပျောက် သဘာဝရှုခင်းအလှအပများကို အပြည့်အဝ ကြည့်ရှုခံစားပစ်ခဲ့သည်။

Rain (For Ialinks)

Leave a Comment