Daily News

အသက် ၈၈နှစ်ရှိပြီဆိုပေမဲ့ တွန်းလှည်းသေးသေးကိုတွန်းရင်း တစ်နေကုန် အလုပ်လုပ်နေဆဲဖြစ်တဲ့ စစ်မှု့ထမ်းဟောင်းအဘိုးတစ်ဦး (ရုပ်သံ)

သက်ကြီးရွယ်အိုများဟာ များသောအားဖြင့် ၎င်းတို့ရဲ့အချိန်များကို အိမ်မှာသာအနားယူရင်း အချိန်ဖြုန်းလေ့ရှိကြပါတယ်။ သို့ပေမဲ့ ကိုရီးယားစစ်ပွဲမှာ၀င်ရောက်တာဝန်ထမ်းဆောင်ခဲ့တဲ့ အသက် ၈၈ နှစ်အရွယ် Park Rae Jung အမည်ရှိစစ်မှုထမ်းဟောင်းအဘိုးတစ်ဦးမှာတော့ ယခုအချိန်ထိ အသုံးပြုပြီးသား ကဒ်ဖာများပြည့်နေတဲ့ တွန်းလှည်းသေးသေးကိုတွန်းရင်း တစ်နေကုန် အလုပ်လုပ်နေဆဲဖြစ်ပါတယ်။ လမ်းမလျှောက်နိုင်တော့တဲ့ဇနီးသည်အား ထောက်ပံ့နိုင်ရန်အတွက် အဘိုးဟာ တစ်နေ့လျှင် ၁၁ နာရီအထိ အလုပ်လုပ်ခဲ့ပေမဲ့လည်း တစ်ရက် 15,000 KRW (US $13) ခန့်သာရရှိပါတယ်။ အဘိုး Park ဟာ အသက်အရွယ်ကြီးနေပေမဲ့လည်း အလုပ်ကို မရပ်မနားလုပ်နေသူတစ်ဦးဖြစ်ပါတယ်။


အဘိုး Park ဟာ သူ့အတွက် နေ့စဉ်ရရှိတဲ့ဝင်ငွေက အလွန်နည်းပါးလွန်းတာကြောင့် သူဟာ မြေပြင်ပေါ်ရှိစွန့်ပစ်ထားတဲ့ စီးကရက်ဘူးများထဲက ဆေးလိပ်ကို ယူသောက်ခြင်း နှင့် 200 KRW သာ ကုန်ကျတဲ့နေ့လည်စာကိုစားသုံးခြင်းဖြင့် သူ့ကုန်ကျစရိတ်ကို သက်သာစေခဲ့ပါတယ်။ သို့ပေမယ့် အဘိုး Park ဟာ သူ့ထက်ကံဆိုးတဲ့ဘ၀မှာနေထိုင်ရတဲ့သူတွေ အများကြီးရှိတယ်လို့တွေးကာ အပြုသဘောဆောင်တဲ့စိတ်ထားနဲ့နေထိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အဘိုး Park ဟာ ခေါက်ဆွဲခြောက်က သူ့ညစာအတွက် လုံးဝအဆင်ပြေစေပြီး သူ ကြိုက်နှစ်သက်ကြောင်းကိုလည်း ဝန်ခံခဲ့ပါတယ်။


ဒီကြေကွဲစရာမြင်ကွင်းကိုကြည့်ရင်း တောင်ကိုးရီးယား YouTuber တစ်ဦးဖြစ်တဲ့ Jin Young Jin က အဘိုး Parkတို့ရဲ့နေထိုင်မှုကုန်ကျစရိတ်များအတွက် အဘိုးကိုကူညီဖို့ KRW ၁ သန်း (ဒေါ်လာ ၈၅၁) ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သို့ပေမဲ့လည်း အဘိုး Park ဟာ ” ငါ ဘာမှပြန်မလုပ်ပေးနိုင်ဘဲနဲ့ ဒီငွေကို ငါယူသင့်လား မယူသင့်လား မသိတော့ဘူး” လို့ ဝမ်းနည်းစွာ ပြန်ဖြေကြားခဲ့ပါသေးတယ်။ ထို့နောက် အဘိုး Park ကိစ္စနှင့်ပတ်သက်ပြီး တောင်ကိုးရီးယားနိုင်ငံသားများဟာ တိုင်းပြည်အတွက်ကူညီပေးခဲ့ကြတဲ့ စစ်မှုထမ်းဟောင်းအားလုံးရဲ့ အခြေအနေများတိုးတက်စေရေးအတွက် အသနားခံစာကို အတည်တကျပြောဆိုရေးသားပေးခဲ့ကြပါသေးတယ်။ အဘိုး Park ရဲ့ ကြေကွဲဖွယ်အဖြစ်အပျက်ရဲ့အသေးစိတ်ကို အောက်ဗီဒီယိုမှာ ကြည့်ရှုနိုင်ပါတယ်ဗျ။


.


.


.


Mia (KB Chimmy One)

Reference : goodtimes

Zawgyi

သက္ႀကီး႐ြယ္အိုမ်ားဟာ မ်ားေသာအားျဖင့္ ၎တို႔ရဲ႕အခ်ိန္မ်ားကို အိမ္မွာသာအနားယူရင္း အခ်ိန္ျဖဳန္းေလ့ရွိၾကပါတယ္။ သို႔ေပမဲ့ ကိုရီးယားစစ္ပြဲမွာ၀င္ေရာက္တာဝန္ထမ္းေဆာင္ခဲ့တဲ့ အသက္ ၈၈ ႏွစ္အ႐ြယ္ Park Rae Jung အမည္ရွိစစ္မႈထမ္းေဟာင္းအဘိုးတစ္ဦးမွာေတာ့ ယခုအခ်ိန္ထိ အသုံးျပဳၿပီးသား ကဒ္ဖာမ်ားျပည့္ေနတဲ့ တြန္းလွည္းေသးေသးကိုတြန္းရင္း တစ္ေနကုန္ အလုပ္လုပ္ေနဆဲျဖစ္ပါတယ္။ လမ္းမေလွ်ာက္ႏိုင္ေတာ့တဲ့ဇနီးသည္အား ေထာက္ပံ့ႏိုင္ရန္အတြက္ အဘိုးဟာ တစ္ေန႔လွ်င္ ၁၁ နာရီအထိ အလုပ္လုပ္ခဲ့ေပမဲ့လည္း တစ္ရက္ 15,000 KRW (US $13) ခန႔္သာရရွိပါတယ္။ အဘိုး Park ဟာ အသက္အ႐ြယ္ႀကီးေနေပမဲ့လည္း အလုပ္ကို မရပ္မနားလုပ္ေနသူတစ္ဦးျဖစ္ပါတယ္။


အဘိုး Park ဟာ သူ႔အတြက္ ေန႔စဥ္ရရွိတဲ့ဝင္ေငြက အလြန္နည္းပါးလြန္းတာေၾကာင့္ သူဟာ ေျမျပင္ေပၚရွိစြန႔္ပစ္ထားတဲ့ စီးကရက္ဘူးမ်ားထဲက ေဆးလိပ္ကို ယူေသာက္ျခင္း ႏွင့္ 200 KRW သာ ကုန္က်တဲ့ေန႔လည္စာကိုစားသုံးျခင္းျဖင့္ သူ႔ကုန္က်စရိတ္ကို သက္သာေစခဲ့ပါတယ္။ သို႔ေပမယ့္ အဘိုး Park ဟာ သူ႔ထက္ကံဆိုးတဲ့ဘ၀မွာေနထိုင္ရတဲ့သူေတြ အမ်ားႀကီးရွိတယ္လို႔ေတြးကာ အျပဳသေဘာေဆာင္တဲ့စိတ္ထားနဲ႔ေနထိုင္ခဲ့တယ္လို႔ ဆိုပါတယ္။ အဘိုး Park ဟာ ေခါက္ဆြဲေျခာက္က သူ႔ညစာအတြက္ လုံးဝအဆင္ေျပေစၿပီး သူ ႀကိဳက္ႏွစ္သက္ေၾကာင္းကိုလည္း ဝန္ခံခဲ့ပါတယ္။

ဒီေၾကကြဲစရာျမင္ကြင္းကိုၾကည့္ရင္း ေတာင္ကိုးရီးယား YouTuber တစ္ဦးျဖစ္တဲ့ Jin Young Jin က အဘိုး Parkတို႔ရဲ႕ေနထိုင္မႈကုန္က်စရိတ္မ်ားအတြက္ အဘိုးကိုကူညီဖို႔ KRW ၁ သန္း (ေဒၚလာ ၈၅၁) ေပးဖို႔ ဆုံးျဖတ္လိုက္ပါတယ္။ သို႔ေပမဲ့လည္း အဘိုး Park ဟာ ” ငါ ဘာမွျပန္မလုပ္ေပးႏိုင္ဘဲနဲ႔ ဒီေငြကို ငါယူသင့္လား မယူသင့္လား မသိေတာ့ဘူး” လို႔ ဝမ္းနည္းစြာ ျပန္ေျဖၾကားခဲ့ပါေသးတယ္။ ထို႔ေနာက္ အဘိုး Park ကိစၥႏွင့္ပတ္သက္ၿပီး ေတာင္ကိုးရီးယားႏိုင္ငံသားမ်ားဟာ တိုင္းျပည္အတြက္ကူညီေပးခဲ့ၾကတဲ့ စစ္မႈထမ္းေဟာင္းအားလုံးရဲ႕ အေျခအေနမ်ားတိုးတက္ေစေရးအတြက္ အသနားခံစာကို အတည္တက်ေျပာဆိုေရးသားေပးခဲ့ၾကပါေသးတယ္။ အဘိုး Park ရဲ႕ ေၾကကြဲဖြယ္အျဖစ္အပ်က္ရဲ႕အေသးစိတ္ကို ေအာက္ဗီဒီယိုမွာ ၾကည့္ရႈႏိုင္ပါတယ္ဗ်။

Mia (KB Chimmy One)

Leave a Comment