Daily News

ဖောက်သည်အဖြစ်ဟန်ဆောင်ကာ စားပွဲထိုးလုပ်နေတဲ့သားဖြစ်သူအား အံ့ဩသွားအောင် အိမ်ပြန်ရောက်စပရိုက်လုပ်ခဲ့တဲ့ ပြည်ပလုပ်သားမိခင် (ရုပ်သံ)

ပြည်ပသို့အလုပ်သွားလုပ်ကြရတဲ့ ရေမြေရပ်ခြားလုပ်သားများဟာ ၎င်းတို့ရဲ့မိသားစုများနှင့် အချိန်များစွာ ခွဲခွါနေနေကြရတာကြောင့် ၎င်းတို့ဟာ အားလပ်ရက်တိုမှာ အိမ်သို့မပြန်မီ နိုင်ငံခြားမှာသာ နှစ်ပေါင်းများစွာနေထိုင်ခဲ့ကြရပါတယ်။ ထို့ကြောင့် ၎င်းတို့အတော်များများဟာ ၎င်းတို့ရဲ့မိသားစုဝင်များနှင့် ခဏတာလေးလောက်ဘဲ ပြန်တွေ့ရတာတောင် အရမ်းစိတ်လှုပ်ရှားနေကြရပါတယ်။ တစ်ချို့က ၎င်းတို့ရဲ့မိသားစုတွေအတွက် အံ့သဩစရာအိမ်ပြန်ပွဲတစ်ခုကို စီစဉ်ထားတတ်ကြပါသေးတယ်။ ခုလည်း Oman နိုင်ငံမှာအလုပ်လုပ်နေတဲ့ ပြည်ပလုပ်သားတစ်ဦးက ၎င်းလိုအဖြစ်အပျက်လေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ အဆိုပါပြည်ပလုပ်သားတစ်ဦးဖြစ်တဲ့ မိခင်တစ်ဦးဟာ သူမရဲ့အိမ်ပြန်ရောက်ချိန်၌ သားဖြစ်သူကို စပရိုက်လုပ်ရန် ဆုံးဖြတ်ခဲ့ပါတယ်။


သားဖြစ်သူရဲ့ချစ်သူကောင်မလေးရဲ့အကူအညီဖြင့် မိခင်ဖြစ်သူ Elsa Extrimadora ဟာ စားသောက်ဆိုင်တစ်ခုမှာ အထူးစားပွဲခုံမှာထိုင်ကာ စားပွဲထိုးတစ်ဦးဖြစ်တဲ့ သားဖြစ်သူ Glenn အား အံ့ဩကြည်နူးသွားအောင် ပြုလုပ်ခဲ့ပါတယ်။ အစပိုင်းမှာတော့ Glenn ဟာ ချစ်သူဖြစ်သူက ၎င်းဆိုင်သို့ရောက်လာတာကို အံ့ဩနေခဲ့ပါတယ်။ ထိုအချိန်မှာ Glenn ဟာ တာဝန်ကြောင့် အလုပ်များနေခဲ့တာကြောင့် ထိုင်နေတဲ့ ခေါင်းကို ပုဝါအုပ်ထားတဲ့မိခင်ကို သတိမထားမိဘဲ သူမရဲ့ထိုင်ခုံကို ကျော်သွားခဲ့ပါတယ်။ အလုပ်များပြီးမအားလပ်နေတဲ့ Glenn ဟာ မိခင်ဖြစ်သူရဲ့စားပွဲကို ကျော်သွားခဲ့တာကြောင့် ချစ်သူကောင်မလေးကလည်း သူ့အားစောင့်နေတဲ့ ဖောက်သည်တစ်ဦးရဲ့order ကို ကောက်ပေးဖို့ Glenn အား လှမ်းခေါ်လိုက်ပါတယ်။


သို့ပေမဲ့ Glenn ဟာ ၎င်းဖောက်သည်အား အနီးကပ်ကြည့်လိုက်တဲ့အခါ သူ့အမေဖြစ်နေမှန်းကို သိသွားခဲ့ကာ အံ့ဩသွားခဲ့ရပြီး တာဝန်နှင့်အလုပ်များနေပြီး ဆိုင်ထဲမှာ လူများစွာရှိနေသော်လည်း Glenn ဟာ မရှက်ဘဲ မိခင်ဖြစ်သူကို လှမ်းပွေ့ဖက်လိုက်ပါတော့တယ်။ Glenn ဟာ သူ့ရဲ့အမေကို အမှန်တကယ်လွမ်းနေခဲ့တာကြောင့် စီးကျလာတဲ့သူ့မျက်ရည်တွေကို သုတ်နေခဲ့တာကို ဗီဒီယိုရဲ့နောက်ပိုင်းမှာ တွေ့နိုင်ပါတယ်။ မိခင်ဖြစ်သူကလည်း သူမရဲ့သားအား တင်ကျပ်စွာပြန်ပွေ့ဖက်နေခဲ့တာကြောင့် သူမလည်း သူမရဲ့သားကို ဘယ်လောက်တောင်လွမ်းနေခဲ့တာကို သိသာထင်ရှားစေခဲ့ပါတယ်။ ၎င်းသားအမိတို့ရဲ့ sweet ဖြစ်လွန်းတဲ့ဗီဒီယိုဟာ social media ပေါ်သို့ ပျံ့နှံ့သွားခဲ့ပြီးနောက်မှာ လူအများကလည်း ၎င်းတို့ရဲ့ပြည်ပရောက်မိသားစုဝင်များနှင့် အိမ်မှာကျန်ခဲ့တဲ့ မိသားစုဝင်များကို လွမ်းဆွေးစေကြောင်း အချင်းချင်းပြောကြားခဲ့ကြပါတယ်။


Mia (KB Chimmy One)


Reference : rachfeed

Zawgyi

ျပည္ပသို႔အလုပ္သြားလုပ္ၾကရတဲ့ ေရေျမရပ္ျခားလုပ္သားမ်ားဟာ ၎တို႔ရဲ႕မိသားစုမ်ားႏွင့္ အခ်ိန္မ်ားစြာ ခြဲခြါေနေနၾကရတာေၾကာင့္ ၎တို႔ဟာ အားလပ္ရက္တိုမွာ အိမ္သို႔မျပန္မီ ႏိုင္ငံျခားမွာသာ ႏွစ္ေပါင္းမ်ားစြာေနထိုင္ခဲ့ၾကရပါတယ္။ ထို႔ေၾကာင့္ ၎တို႔အေတာ္မ်ားမ်ားဟာ ၎တို႔ရဲ႕မိသားစုဝင္မ်ားႏွင့္ ခဏတာေလးေလာက္ဘဲ ျပန္ေတြ႕ရတာေတာင္ အရမ္းစိတ္လႈပ္ရွားေနၾကရပါတယ္။ တစ္ခ်ိဳ႕က ၎တို႔ရဲ႕မိသားစုေတြအတြက္ အံ့သဩစရာအိမ္ျပန္ပြဲတစ္ခုကို စီစဥ္ထားတတ္ၾကပါေသးတယ္။ ခုလည္း Oman ႏိုင္ငံမွာအလုပ္လုပ္ေနတဲ့ ျပည္ပလုပ္သားတစ္ဦးက ၎လိုအျဖစ္အပ်က္ေလးတစ္ခုကို ျပဳလုပ္ခဲ့ပါတယ္။ အဆိုပါျပည္ပလုပ္သားတစ္ဦးျဖစ္တဲ့ မိခင္တစ္ဦးဟာ သူမရဲ႕အိမ္ျပန္ေရာက္ခ်ိန္၌ သားျဖစ္သူကို စပ႐ိုက္လုပ္ရန္ ဆုံးျဖတ္ခဲ့ပါတယ္။


သားျဖစ္သူရဲ႕ခ်စ္သူေကာင္မေလးရဲ႕အကူအညီျဖင့္ မိခင္ျဖစ္သူ Elsa Extrimadora ဟာ စားေသာက္ဆိုင္တစ္ခုမွာ အထူးစားပြဲခုံမွာထိုင္ကာ စားပြဲထိုးတစ္ဦးျဖစ္တဲ့ သားျဖစ္သူ Glenn အား အံ့ဩၾကည္ႏူးသြားေအာင္ ျပဳလုပ္ခဲ့ပါတယ္။ အစပိုင္းမွာေတာ့ Glenn ဟာ ခ်စ္သူျဖစ္သူက ၎ဆိုင္သို႔ေရာက္လာတာကို အံ့ဩေနခဲ့ပါတယ္။ ထိုအခ်ိန္မွာ Glenn ဟာ တာဝန္ေၾကာင့္ အလုပ္မ်ားေနခဲ့တာေၾကာင့္ ထိုင္ေနတဲ့ ေခါင္းကို ပုဝါအုပ္ထားတဲ့မိခင္ကို သတိမထားမိဘဲ သူမရဲ႕ထိုင္ခုံကို ေက်ာ္သြားခဲ့ပါတယ္။ အလုပ္မ်ားၿပီးမအားလပ္ေနတဲ့ Glenn ဟာ မိခင္ျဖစ္သူရဲ႕စားပြဲကို ေက်ာ္သြားခဲ့တာေၾကာင့္ ခ်စ္သူေကာင္မေလးကလည္း သူ႔အားေစာင့္ေနတဲ့ ေဖာက္သည္တစ္ဦးရဲ႕order ကို ေကာက္ေပးဖို႔ Glenn အား လွမ္းေခၚလိုက္ပါတယ္။


သို႔ေပမဲ့ Glenn ဟာ ၎ေဖာက္သည္အား အနီးကပ္ၾကည့္လိုက္တဲ့အခါ သူ႔အေမျဖစ္ေနမွန္းကို သိသြားခဲ့ကာ အံ့ဩသြားခဲ့ရၿပီး တာဝန္ႏွင့္အလုပ္မ်ားေနၿပီး ဆိုင္ထဲမွာ လူမ်ားစြာရွိေနေသာ္လည္း Glenn ဟာ မရွက္ဘဲ မိခင္ျဖစ္သူကို လွမ္းေပြ႕ဖက္လိုက္ပါေတာ့တယ္။ Glenn ဟာ သူ႔ရဲ႕အေမကို အမွန္တကယ္လြမ္းေနခဲ့တာေၾကာင့္ စီးက်လာတဲ့သူ႔မ်က္ရည္ေတြကို သုတ္ေနခဲ့တာကို ဗီဒီယိုရဲ႕ေနာက္ပိုင္းမွာ ေတြ႕ႏိုင္ပါတယ္။ မိခင္ျဖစ္သူကလည္း သူမရဲ႕သားအား တင္က်ပ္စြာျပန္ေပြ႕ဖက္ေနခဲ့တာေၾကာင့္ သူမလည္း သူမရဲ႕သားကို ဘယ္ေလာက္ေတာင္လြမ္းေနခဲ့တာကို သိသာထင္ရွားေစခဲ့ပါတယ္။ ၎သားအမိတို႔ရဲ႕ sweet ျဖစ္လြန္းတဲ့ဗီဒီယိုဟာ social media ေပၚသို႔ ပ်ံ႕ႏွံ႔သြားခဲ့ၿပီးေနာက္မွာ လူအမ်ားကလည္း ၎တို႔ရဲ႕ျပည္ပေရာက္မိသားစုဝင္မ်ားႏွင့္ အိမ္မွာက်န္ခဲ့တဲ့ မိသားစုဝင္မ်ားကို လြမ္းေဆြးေစေၾကာင္း အခ်င္းခ်င္းေျပာၾကားခဲ့ၾကပါတယ္။

Mia (KB Chimmy One)

Leave a Comment