Uncategorized

နိုင်ငံခြားသားဖြစ်တဲ့အမျိုးသားတစ်ဦးနှင့် လက်ထပ်လိုက်လို့ ဝေဖန်ခံနေရတဲ့ influencer အမျိုးသမီးတစ်ဦး

မလေးရှားနိုင်ငံသားများရဲ့ ၎င်းတို့နဲ့မတူတဲ့သူများအား ဆန့်ကျင်တဲ့ဝေဖန်ပုံများဖြင့်ပြုမှုနေကြတာကို မြင်နေရခြင်းက တကယ် စိတ်မကောင်းစရာတစ်ခုပါဘဲ။ Affan Zahari အမည်ရှိ Netizen တစ်ဦးဟာ အာဖရိက- မလေးရှား စုံတွဲတစ်တွဲအပေါ် မလေးရှားလူမျိုးများရဲ့ဆိုးဝါးတဲ့ဝေဖန်မှုများနှင့်ပတ်သက်ပြီး သူ့ရဲ့ Facebook acc မှာ ပြန်လည်မျှဝေထားခဲ့ပါတယ်။ မလေးရှား influencer တစ်ယောက်ဖြစ်တဲ့ Fila Amir အမည်ရှိအမျိုးသမီးက သူမရဲ့ခင်ပွန်းအား ဘာကြောင့် အာဖရိကလူမျိုးအဖြစ် ရွေးချယ်ခဲ့တဲ့အပေါ်ကို မလေးရှားအမျိုးသားအများစုက ဝေဖန်ထားခဲ့ကြပါတယ်။ “ ငါ Fila Amir ရဲ့ YouTube channel ကို follow ထားတာ တစ်လနီးပါးရှိနေပြီ၊ ပြီးတော့ သူမက ခင်ပွန်းဖြစ်သူရဲ့ရွာမှာ ဖြစ်ပျက်နေတဲ့အရာတွေကို မျှဝေထားတာကို ငါတွေ့လိုက်တယ် ၊


ငါတို့ နေ့တိုင်းမြင်တွေ့နေရတဲ့ အာဖရိကရှိသူတို့ရဲ့ဘ၀က အဆိုးကြီးမဟုတ်သလို သူမရဲ့ယောကျ်ားကလည်း မဆိုးပါဘူး၊ Fila ရဲ့ခင်ပွန်းက သူ့ရဲ့ရွာမှာ ဘာသာရေးစာသင်ကျောင်းတွေကို အောင်မြင်စွာ စတင်ဖွင့်လှစ်ပေးနိုင်ခဲ့တဲ့စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ဦးဖြစ်သလို မလေးရှားလူမျိုးများရဲ့လှူဒါန်းမှုများကြောင့် ရေစုပ်စက်တွေကိုလည်း တည်ဆောက်နေတာဘဲ ” ဟုဆိုကာ ၎င်းတို့စုံတွဲမှာ အပြုသဘောဆောင်တာတွေများစွာရှိနေတာကိုတောင် ဘာကြောင့်မကောင်းကြောင်းပြောနေကြလည်းဆိုတာ သူ နားမလည်ဘူးလို့လည်း Affan Zahari က ဆိုခဲ့ပါတယ်။ မလေးရှားအမျိုးသားများက သူတို့စုံတွဲရဲ့လုပ်ရပ်များအပေါ် အခြေခံပြီး လူမျိုးရေး ဆန့်ကျင်ရေးတွေလုပ်နေတာကိုက တကယ် စိတ်ပျက်စရာကောင်းလှပါတယ်။


မလေးရှားလူမျိုးမဟုတ်တဲ့အင်တာနက်သုံးစွဲသူများက ရေမြေဘယ်လောက်ခြားနေပါစေ အချစ်စစ်ရင် မလွှဲမသွေ ဆုံဆည်းကြတာပါလားဆိုပြီး ၎င်းတို့စုံတွဲကို သဘောကျနေခဲ့ကြပေမဲ့ အချို့သော မလေးရှားလူမျိုးများကတော့ ၎င်းတို့ကို အကောင်းမမြင်ပေးခဲ့ကြပါဘူး။ ထို့အပြင် Affan Zahari က ဝေဖန်သူများအား ၎င်းစုံတွဲကိုယ်စား ဒီလိုအပြုအမူမျိုးကိုရပ်တန့်ကရပ်လိုက်ပြီး online ပေါ်မှာ ငါတို့ဘာတွေပြောနေခဲ့လဲဆိုတာကို ကိုယ်တိုင်စဉ်းစားချင့်ချိန်ကာ ကြိုးစားပြီး ပြန်တွေးသင့်တယ်လို့လည်း ပြောကြားခဲ့ပါသေးတယ်။


.


.


.


.


.


.


.


.


Mia (KB Chimmy One)

Reference : worldofbuzz

Zawgyi

မေလးရွားႏိုင္ငံသားမ်ားရဲ႕ ၎တို႔နဲ႔မတူတဲ့သူမ်ားအား ဆန႔္က်င္တဲ့ေဝဖန္ပုံမ်ားျဖင့္ျပဳမႈေနၾကတာကို ျမင္ေနရျခင္းက တကယ္ စိတ္မေကာင္းစရာတစ္ခုပါဘဲ။ Affan Zahari အမည္ရွိ Netizen တစ္ဦးဟာ အာဖရိက- မေလးရွား စုံတြဲတစ္တြဲအေပၚ မေလးရွားလူမ်ိဳးမ်ားရဲ႕ဆိုးဝါးတဲ့ေဝဖန္မႈမ်ားႏွင့္ပတ္သက္ၿပီး သူ႔ရဲ႕ Facebook acc မွာ ျပန္လည္မွ်ေဝထားခဲ့ပါတယ္။ မေလးရွား influencer တစ္ေယာက္ျဖစ္တဲ့ Fila Amir အမည္ရွိအမ်ိဳးသမီးက သူမရဲ႕ခင္ပြန္းအား ဘာေၾကာင့္ အာဖရိကလူမ်ိဳးအျဖစ္ ေ႐ြးခ်ယ္ခဲ့တဲ့အေပၚကို မေလးရွားအမ်ိဳးသားအမ်ားစုက ေဝဖန္ထားခဲ့ၾကပါတယ္။ “ ငါ Fila Amir ရဲ႕ YouTube channel ကို follow ထားတာ တစ္လနီးပါးရွိေနၿပီ၊ ၿပီးေတာ့ သူမက ခင္ပြန္းျဖစ္သူရဲ႕႐ြာမွာ ျဖစ္ပ်က္ေနတဲ့အရာေတြကို မွ်ေဝထားတာကို ငါေတြ႕လိုက္တယ္ ၊


ငါတို႔ ေန႔တိုင္းျမင္ေတြ႕ေနရတဲ့ အာဖရိကရွိသူတို႔ရဲ႕ဘ၀က အဆိုးႀကီးမဟုတ္သလို သူမရဲ႕ေယာက်္ားကလည္း မဆိုးပါဘူး၊ Fila ရဲ႕ခင္ပြန္းက သူ႔ရဲ႕႐ြာမွာ ဘာသာေရးစာသင္ေက်ာင္းေတြကို ေအာင္ျမင္စြာ စတင္ဖြင့္လွစ္ေပးႏိုင္ခဲ့တဲ့စြန႔္ဦးတီထြင္လုပ္ငန္းရွင္တစ္ဦးျဖစ္သလို မေလးရွားလူမ်ိဳးမ်ားရဲ႕လႉဒါန္းမႈမ်ားေၾကာင့္ ေရစုပ္စက္ေတြကိုလည္း တည္ေဆာက္ေနတာဘဲ ” ဟုဆိုကာ ၎တို႔စုံတြဲမွာ အျပဳသေဘာေဆာင္တာေတြမ်ားစြာရွိေနတာကိုေတာင္ ဘာေၾကာင့္မေကာင္းေၾကာင္းေျပာေနၾကလည္းဆိုတာ သူ နားမလည္ဘူးလို႔လည္း Affan Zahari က ဆိုခဲ့ပါတယ္။ မေလးရွားအမ်ိဳးသားမ်ားက သူတို႔စုံတြဲရဲ႕လုပ္ရပ္မ်ားအေပၚ အေျခခံၿပီး လူမ်ိဳးေရး ဆန႔္က်င္ေရးေတြလုပ္ေနတာကိုက တကယ္ စိတ္ပ်က္စရာေကာင္းလွပါတယ္။


မေလးရွားလူမ်ိဳးမဟုတ္တဲ့အင္တာနက္သုံးစြဲသူမ်ားက ေရေျမဘယ္ေလာက္ျခားေနပါေစ အခ်စ္စစ္ရင္ မလႊဲမေသြ ဆုံဆည္းၾကတာပါလားဆိုၿပီး ၎တို႔စုံတြဲကို သေဘာက်ေနခဲ့ၾကေပမဲ့ အခ်ိဳ႕ေသာ မေလးရွားလူမ်ိဳးမ်ားကေတာ့ ၎တို႔ကို အေကာင္းမျမင္ေပးခဲ့ၾကပါဘူး။ ထို႔အျပင္ Affan Zahari က ေဝဖန္သူမ်ားအား ၎စုံတြဲကိုယ္စား ဒီလိုအျပဳအမူမ်ိဳးကိုရပ္တန္႔ကရပ္လိုက္ၿပီး online ေပၚမွာ ငါတို႔ဘာေတြေျပာေနခဲ့လဲဆိုတာကို ကိုယ္တိုင္စဥ္းစားခ်င့္ခ်ိန္ကာ ႀကိဳးစားၿပီး ျပန္ေတြးသင့္တယ္လို႔လည္း ေျပာၾကားခဲ့ပါေသးတယ္။

Mia (KB Chimmy One)

Leave a Comment