Uncategorized

အမျိုးသမီး ၃၆၅ ယောက်နှင့်ချိန်းတွေ့ရန် စတင်ခဲ့ပြီး ဆန္ဒပြည့်ဖို့ နောက်ထပ် အယောက် ၃၀ သာလိုတော့တဲ့ အမျိုးသားတစ်ဦးရဲ့နောက်ကွယ်က အမှန်တရား

Sunder Ramu အမည်ရှိအမျိုးသားဟာ အိန္ဒိယနိုင်ငံ Tamil Nadu ပြည်နယ် Chennai မြို့ မှသရုပ်ဆောင်၊ ပရော်ဖက်ရှင်နယ်အကပညာရှင်နှင့် ဓာတ်ပုံဆရာတစ်ဦးဖြစ်ပါတယ်။ သူဟာ အမျိုးသမီးပေါင်း ၃၃၅ ယောက်နှင့်ချိန်းတွေ့ခဲ့ပေမဲ့ သူက နှစ်တစ်နှစ်မှာ ၃၆၅ ရက်ရှိတာကြောင့် နောက်ထပ် အမျိုးသမီးအယောက် ၃၀ ကို ထပ်တွဲဖို့လုပ်ခဲ့ပါတယ်။ Ramu ဟာ ကွာရှင်းပြတ်စဲခဲ့သော်လည်း သူ့အတွက် နေ့ရက်တိုင်း အချစ်ဝတ်ရည်များနှင့်ပြည့်နှက်နေခြင်းမဟုတ်သလို သူ့ရဲ့ရည်ရွယ်ချက်ကလည်း အချစ်ကို ရှာဖွေရန်သက်သက်မဟုတ်ခဲ့ပါဘူး။


.


Ramu ဟာ “ ငါက လုံးဝကို romantic ဖြစ်တဲ့သူပါ ၊ငါနေ့တိုင်း အချစ်ကို ရှာနေတာမှန်ပေမဲ့ ၃၆၅ ရက် date လုပ်ခြင်းရဲ့နောက်က မိန်းမရှာဖို့မဟုတ်ပါဘူး ၊ ငါကြိုးစားနေတဲ့အရာက အိန္ဒိယနိုင်ငံမှာအမျိုးသမီးတွေရဲ့အခွင့်အရေးနဲ့ပတ်သက်ပြီး ၎င်းကို မြှင့်တင်ဖို့ပါ ” ဟုဆိုခဲ့ပါတယ်။


.


Ramu ဟာ သူ့ရဲ့ facebook page မှာ သူ date လုပ်ခဲ့တဲ့အမျိုးသမီးများရဲ့အကြောင်းကို ပြောပြခဲ့ပြီး သူဟာ သူ့ရဲ့အသက် ၁၀၅ နှစ်ရှိအဘွား၊ သူ့ရဲ့တိုက်ခန်းအောက်က အမှိုက်ကောက်သူ၊ အသက် ၉၀ အရွယ် အိုင်းရစ်သီလရှင်၊ မင်းသမီး ၊ မော်ဒယ်၊ ယောဂဆရာမ ၊ ကျောင်းဆရာမ၊ လူမှုရေးတက်ကြွလှုပ်ရှားသူ၊ နိုင်ငံရေးသမား စတဲ့အမျိုးသမီးများနှင့် date လုပ်ခဲ့ပါတယ်။


.


Ramu ဟာ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလကဒေလီမြို့မှာ အမျိုးသမီးများနှင့်ပတ်သက်ပြီး နာမည်ဆိုးဖြင့်ကျော်ကြားခဲ့တဲ့ ဂိုဏ်း r ။*p.e ရဲ့အဖြစ်အပျက်ကြောင့် သူ့အား တစ်ညလုံးအိပ်မပျော်ဖြစ်စေခဲ့ပါတယ်။ သို့ပေမဲ့ သူဟာ ၎င်းအဖြစ်အပျက်ရဲ့ခြားနားချက်ကို ရအောင်ဘယ်လိုလုပ်ရမလဲဆိုတာကို စပြီးစဉ်းစားခဲ့ပြီး သူ့ရဲ့ ၃၆၅ date လုပ်ခြင်းကို အစပြုလာစေခဲ့ပါတယ်။


.


Ramu ဟာ ဒီဇင်ဘာ ၃၁ ရက် ၂၀၁၄ ခုနှစ်မှာ Facebook ၌ အမျိုးသမီးများက သူ့အား အပြင်ထွက်ဖို့ ခေါ်လို့ရသလို နေရာတစ်ခုကို ရွေးပြီး date လုပ်ခြင်း သို့မဟုတ် သူ့အား အစားချက်ကျွေးစေခြင်းတို့ကို ပြုလုပ်နိုင်မဲ့ ၃၆၅ ရက် ချိန်းတွေ့ခြင်းအစီအစဉ်ကို စတင်ကြေငြာခဲ့ပါတယ်။ ကြောငြာပြီးနောက်မှာ သူငယ်ချင်းတစ်ဦးက သူ့အား new year ညမှာ date လုပ်ဖို့ခေါ်ခဲ့ပြီး ၁၀ ရက်အတွင်းမှာဘဲ သူ့ရဲ့အစီအစဉ်ဟာ လူသိများသွားခဲ့ပါတယ်။


.


လစဉ်လတိုင်းမှာ သူဟာ ၎င်း ချိန်းတွေ့ခြင်းမှရတဲ့ငွေများကို လူသိနည်းတဲ့ ပရဟိတများအတွက် အစားအစာများ၀ယ်ရန် အသုံးပြုခဲ့ပါတယ်။ ပရောဂျက်စတင်ချိန်မှစ၍ Ruma ဟာ ဗီယက်နမ်၊ စပိန်၊ ပြင်သစ်၊ အမေရိကန်၊ ထိုင်းနှင့်သီရိင်္လကာကဲ့သို့မြို့ကြီးများနှင့်နိုင်ငံများစွာမှအမျိုးသမီးများစွာနှင့်ချိန်းတွေ့ခဲ့ပါတယ်။


.


သူ့ရဲ့ date တိုင်းက ထူးခြားနေခဲ့ပေမဲ့လည်း Ramu ရဲ့အတွက် အထူးခြားဆုံးသော date တစ်ခုမှာ အရွယ်လွန်ခဲ့တဲ့နှစ်နှစ်က ဆုံးသွားခဲ့တဲ့ အသက် ၁၀၉ နှစ်အရွယ်သူ့အဖွားနှင့်အတူရှိနေခဲ့ခြင်းဘဲ ဖြစ်ပါတယ်။

Mia (KBdailynews)

Reference : everytruenews24

Leave a Comment