Wed. Oct 27th, 2021

နီးလွန်းလို့များ မမြင်ခဲ့တာလား …

ကိုယ်ပေးနေပေမယ့် အကောင်းမမြင်နိုင်တဲ့ မျက်လုံးတွေကြားမှာ တစ်ခါတစ်ခါရပ်နေရင်းက ပင်ပန်းလာတတ်တယ် … အကောင်းတကာ့အကောင်းတွေမဟုတ်ရင်တောင် သေချာတစ်ခုကတော့ ကိုယ်ပေးခဲ့တဲ့အရာဟာ ကိုယ်အကောင်းဆုံးကြိုးစားပြီးပေးခဲ့ဖူးတာပါ

ရောင်ပြန်တွေဆိုတာဝေးပါသေးတယ် … တန်ပြန်သက်ရောက်မှုတွေဆိုတာလဲ မမျှော်ပဲ ပေးပါတယ် ဒါပေမယ့် အသိအမှတ်ပြုမှုလေးတောင် မရခဲ့တဲ့ ကိုယ့်မှာ တစ်ခါတစ်လေကျတော့ ဝမ်းလည်းဝမ်းနည်းမိသလို ဘာကြောင့်များလဲလို့တွေးနေမိတယ် နီးလွန်းလို့များ မမြင်ခဲ့တာလား …

ကိုယ်ပေးခဲ့တာအချစ်ပါ ပြန်ရလာခဲ့တာကတော့ တန်ဖိုးမထားခြင်းတွေပေါ့ … ကိုယ်ပေးခဲ့တာ ဂရုစိုက်မှုတွေပါ ပြန်ရလာခဲ့တာကတော့ လျစ်လျူရှုခံရခြင်းတွေပေါ့ … ကိုယ်ပေးခဲ့တာစေတနာပါ ပြန်ရလာခဲ့တာတော့ ဝေဒနာပေါ့ … တန်ပြန်သက်ရောက်မှုတွေရှိပေမယ့် ဆန့်ကျင်ဖက်တွေဖြစ်နေတာဟာ ရင်နာစရာ …

အဝေးထွက်သွားတဲ့တစ်နေ့မှ တန်ဖိုးတွေသိလာမယ်ဆိုရင်တော့ သိပ်နောက်ကျသွားလိမ့်မယ်လို့ပဲ ထင်ပါတယ် … ဘေးနားမှာရပ်နေရင်းက ကိုယ့်ကို ဘယ်သူ့မှမမြင်တဲ့အဖြစ်တွေကလဲ ဆက်ပြီးရပ်နေဖို့အတွက် အင်အားတွေမဲ့လာတယ် … ဖြစ်နိုင်ရင် မမြင်နိုင်တဲ့ မျက်လုံးတွေကို တစ်ခါတစ်လေကျတော့ ကိုယ့်ကို ပြန်ကြည့်စေချင်တယ် …

အဝေးပြေးထွက်မသွားနိုင်သေးတာလဲ ကိုယ့်အားနည်းချက်ပေါ့ နီးလွန်းသွားတဲ့အခါ လူတွေက မမြင်တတ်တော့တာတော့ အမှန်ပါ ..

 

မူရင်းစာရေးသားသူ သျှင်ယွန်း လေးစားစွာဖြင့် ‌ပြန်လှန်မျှဝေခြင်းဖြစ်ပါတယ

 

ကိုယ္ေပးေနေပမယ့္ အေကာင္းမျမင္နိုင္တဲ့ မ်က္လံုးေတြၾကားမွာ တစ္ခါတစ္ခါရပ္ေနရင္းက ပင္ပန္းလာတတ္တယ္ … အေကာင္းတကာ့အေကာင္းေတြမဟုတ္ရင္ေတာင္ ေသခ်ာတစ္ခုကေတာ့ ကိုယ္ေပးခ့ဲ့တဲ့အရာဟာ ကိုယ္အေကာင္းဆံုးၾကိဳးစားျပီးေပးခဲ့ဖူးတာပါ

ေရာင္ျပန္ေတြဆိုတာေ၀းပါေသးတယ္ … တန္ျပန္သက္ေရာက္မႈေတြဆုိတာလဲ မေမွ်ာ္ပဲ ေပးပါတယ္ ဒါေပမယ့္ အသိအမွတ္ျပဳမႈေလးေတာင္ မရခဲ့တဲ့ ကုိယ့္မွာ တစ္ခါတစ္ေလက်ေတာ့ ၀မ္းလည္း၀မ္းနည္းမိသလုိ ဘာေၾကာင့္မ်ားလဲလုိ့ေတြးေနမိတယ္ နီးလြန္းလို့မ်ား မျမင္ခဲ့တာလား …

ကိုယ္ေပးခဲ့တာအခ်စ္ပါ ျပန္ရလာခဲ့တာကေတာ့ တန္ဖိုးမထားျခင္းေတြေပါ့ … ကိုယ္ေပးခဲ့တာ ဂရုစိုက္မႈေတြပါ ျပန္ရလာခဲ့တာကေတာ့ လ်စ္လ်ဴရႈခံရျခင္းေတြေပါ့ … ကိုယ္ေပးခဲ့တာေစတနာပါ ျပန္ရလာခဲ့တာေတာ့ ေ၀ဒနာေပါ့ … တန္ျပန္သက္ေရာက္မႈေတြရွိေပမယ့္ ဆန့္က်င္ဖက္ေတြျဖစ္ေနတာဟာ ရင္နာစရာ …

အေ၀းထြက္သြားတဲ့တစ္ေန့မွ တန္ဖိုးေတြသိလာမယ္ဆိုရင္ေတာ့ သိပ္ေနာက္က်သြားလိမ့္မယ္လို့ပဲ ထင္ပါတယ္ … ေဘးနားမွာရပ္ေနရင္းက ကိုယ့္ကိုိ ဘယ္သူ့မွမျမင္တဲ့အျဖစ္ေတြကလဲ ဆက္ျပီးရပ္ေနဖို့အတြက္ အင္အားေတြမဲ့လာတယ္ … ျဖစ္နုိင္ရင္ မျမင္နိုင္တဲ့ မ်က္လံုးေတြကို တစ္ခါတစ္ေလက်ေတာ့ ကိုယ့္ကို ျပန္ၾကည့္ေစခ်င္တယ္ …

အေ၀းေျပးထြက္မသြားနုိင္ေသးတာလဲ ကိုယ့္အားနည္းခ်က္ေပါ့ နီးလြန္းသြားတဲ့အခါ လူေတြက မျမင္တတ္ေတာ့တာေတာ့ အမွန္ပါ ..

 

Leave a Reply

Your email address will not be published. Required fields are marked *