Love

အသည်းကွဲနေတဲ့ သူငယ်ချင်းတွေကို အချိန်ကြာရင် မေ့နိုင်သွားမှာပါလို့ နားချခဲ့ဖူးတဲ့ ကိုယ့်ကိုကိုယ် ပြန်တွေးပြီး ရယ်ချင်တယ်

အသည်းကွဲနေတဲ့ သူငယ်ချင်းတွေကို အချိန်ကြာရင် မေ့နိုင်သွားမှာပါလို့ နားချခဲ့ဖူးတဲ့ ကိုယ့်ကိုကိုယ် ပြန်တွေးပြီး ရယ်ချင်တယ်။ ကျွန်တော် သူတို့အပေါ် ကိုယ်ချင်းမစာတတ်ခဲ့ဘူး။

ရေမွှေးနံ့တခုခုက အတိတ်တွေဆီ ပြန်ခေါ်ဆောင်သွားတတ်တာ သိတယ်။ Coffee ဆိုင် ထိုင်ရင် Menu ထဲက ကော်ဖီအမျိုးအစား တစ်ခုက ပုံရိပ်တချို့ကို ပြန်မြင်စေတတ်တာ သိတယ်။ ရုပ်ချင်းဆင်တဲ့သူတွေ့ရင် ကိုယ့်ကိုကိုယ် အံ့ဩရလောက်တဲ့အထိ ရင်ခုန်နှုန်းက ဆောင့်တက်လာတာ သိတယ်။ ပြီးရင်တော့ ရင်ထဲက ဝမ်းနည်းစိတ်က မျက်ရည်တွေ လျှံတက်လာစေတာပဲ ေဩာ်… သူ့အပေါ် ငါဒီလောက်တောင် ချစ်ခဲ့မိသလားပေါ့။

တခါတလေ ကိုယ်သိပ်ချစ်ရတဲ့သူက ကိုယ်သိပ်ကြောက်ရတဲ့သူလည်း ဖြစ်သွားတတ်တယ်။ အဆိပ်ရှိတဲ့ သတ္တဝါတကောင်ကောင်လိုပေါ့ သွားထိလိုက်တာနဲ့ ကိုယ်ပဲခံရတော့မယ်ဆိုတာ ရာနှုန်းပြည့် ယုံကြည်နေတာမျိုး။ ခင်ဗျားက ကျွန်တော် သိပ်ချစ်သလို ထပ်ပြီးလည်း မဝင်ရဲတော့တဲ့ အန္တရာယ်ဇုံပဲ။ ဓာတ်ပုံထဲက ခင်ဗျားရဲ့ အေးစက်စက်မျက်ဝန်းတွေကို ငေးကြည့်နေရတာ ကြိုက်တယ်။ ကျွန်တော့် မျက်ရည်တွေကို ဘယ်တော့မှ အဖက်မလုပ်ပဲ သွေးအေးတတ်တာကို သဘောကျတယ်။ ကျွန်တော့်လက်ကို ဆုပ်ကိုင်ဖူးတဲ့ ခင်ဗျားရဲ့ လက်ချောင်းလေးတွေ ထိပ်က လက်သည်းလေးတွေကိုတောင် ကျနော် သိပ်မြတ်နိုးတယ်။

ကိုယ့်ကိုကိုယ် အထင်ကြီးတာ မဟုတ်ဘူး ဟန်နီ သေချာတာကို ပြောပြတာ “ခင်ဗျားအပေါ်မှာ ကျွန်တော့်လောက် ထပ်ချစ်နိုင်မယ့်သူ ကမ္ဘာပေါ်မှာ မရှိနိုင်တော့ဘူး…” လူဆိုတာ မရသေးတဲ့အရာတွေကိုမှ တန်ဖိုးရှိတယ် ထင်ကြတာပဲ။ သေဆိုသေ ရှင်ဆိုရှင် လည်စင်းပေးထားတဲ့ ဒီအသက်က ခင်ဗျားအတွက် အမှိုက်တခုလိုများ ဖြစ်နေခဲ့လားပေါ့။ အစွမ်းကုန် ပွင့်လန်းနေတဲ့အချိန် အနားမှာ ဝဲပျံနေတဲ့ လိပ်ပြာတွေကြား ပျော်နေပါ။ အသက်တွေကြီးလာတဲ့အခါ ကျွန်တော့်ကို သတိရပါ။ နာမကျန်းဖြစ်တဲ့အခါ ကျွန်တော့်ကို သတိရပါ။ ကျရှုံးတဲ့အခါ ကျွန်တော့်ကို သတိရပါ။

လောကမှာ အချစ်စစ်ဆိုတာ တကယ်ရှိပါလား ဆိုတဲ့အရာကို ခင်ဗျားယုံကြည်အောင် သက်သေပြဖို့ ခင်ဗျားဆီမှာ ဘာမက်မောစရာမှ မရှိတော့တဲ့ တနေ့ကို စောင့်နေတယ်။ ကျွန်တော်နေ့တိုင်းလုပ်သမျှ ကောင်းမှု ကုသိုလ်တွေက ခင်ဗျားရှိတဲ့ အရပ်ကိုပဲ ဦးတည်တယ်။ ကျွန်တာ် မအေးချမ်းပေမယ့် ခင်ဗျားတယောက် တော့ အေးချမ်းပါစေ…။

Latt Yone

 

Zawgyi

အသည္းကြဲေနတဲ့ သူငယ္ခ်င္းေတြကို အခ်ိန္ၾကာရင္ ေမ့ႏိုင္သြားမွာပါလို႔ နားခ်ခဲ့ဖူးတဲ့ ကိုယ့္ကိုကိုယ္ ျပန္ေတြးၿပီး ရယ္ခ်င္တယ္။ ကြၽန္ေတာ္ သူတို႔အေပၚ ကိုယ္ခ်င္းမစာတတ္ခဲ့ဘူး။

ေရေမႊးနံ႔တခုခုက အတိတ္ေတြဆီ ျပန္ေခၚေဆာင္သြားတတ္တာ သိတယ္။ Coffee ဆိုင္ ထိုင္ရင္ Menu ထဲက ေကာ္ဖီအမ်ိဳးအစား တစ္ခုက ပုံရိပ္တခ်ိဳ႕ကို ျပန္ျမင္ေစတတ္တာ သိတယ္။ ႐ုပ္ခ်င္းဆင္တဲ့သူေတြ႕ရင္ ကိုယ့္ကိုကိုယ္ အံ့ဩရေလာက္တဲ့အထိ ရင္ခုန္ႏႈန္းက ေဆာင့္တက္လာတာ သိတယ္။ ၿပီးရင္ေတာ့ ရင္ထဲက ဝမ္းနည္းစိတ္က မ်က္ရည္ေတြ လွ်ံတက္လာေစတာပဲ ေဩာ္… သူ႔အေပၚ ငါဒီေလာက္ေတာင္ ခ်စ္ခဲ့မိသလားေပါ့။

တခါတေလ ကိုယ္သိပ္ခ်စ္ရတဲ့သူက ကိုယ္သိပ္ေၾကာက္ရတဲ့သူလည္း ျဖစ္သြားတတ္တယ္။ အဆိပ္ရွိတဲ့ သတၱဝါတေကာင္ေကာင္လိုေပါ့ သြားထိလိုက္တာနဲ႔ ကိုယ္ပဲခံရေတာ့မယ္ဆိုတာ ရာႏႈန္းျပည့္ ယုံၾကည္ေနတာမ်ိဳး။ ခင္ဗ်ားက ကြၽန္ေတာ္ သိပ္ခ်စ္သလို ထပ္ၿပီးလည္း မဝင္ရဲေတာ့တဲ့ အႏၲရာယ္ဇုံပဲ။ ဓာတ္ပုံထဲက ခင္ဗ်ားရဲ႕ ေအးစက္စက္မ်က္ဝန္းေတြကို ေငးၾကည့္ေနရတာ ႀကိဳက္တယ္။ ကြၽန္ေတာ့္ မ်က္ရည္ေတြကို ဘယ္ေတာ့မွ အဖက္မလုပ္ပဲ ေသြးေအးတတ္တာကို သေဘာက်တယ္။ ကြၽန္ေတာ့္လက္ကို ဆုပ္ကိုင္ဖူးတဲ့ ခင္ဗ်ားရဲ႕ လက္ေခ်ာင္းေလးေတြ ထိပ္က လက္သည္းေလးေတြကိုေတာင္ က်ေနာ္ သိပ္ျမတ္ႏိုးတယ္။

ကိုယ့္ကိုကိုယ္ အထင္ႀကီးတာ မဟုတ္ဘူး ဟန္နီ ေသခ်ာတာကို ေျပာျပတာ “ခင္ဗ်ားအေပၚမွာ ကြၽန္ေတာ့္ေလာက္ ထပ္ခ်စ္ႏိုင္မယ့္သူ ကမာၻေပၚမွာ မရွိႏိုင္ေတာ့ဘူး…” လူဆိုတာ မရေသးတဲ့အရာေတြကိုမွ တန္ဖိုးရွိတယ္ ထင္ၾကတာပဲ။ ေသဆိုေသ ရွင္ဆိုရွင္ လည္စင္းေပးထားတဲ့ ဒီအသက္က ခင္ဗ်ားအတြက္ အမႈိက္တခုလိုမ်ား ျဖစ္ေနခဲ့လားေပါ့။ အစြမ္းကုန္ ပြင့္လန္းေနတဲ့အခ်ိန္ အနားမွာ ဝဲပ်ံေနတဲ့ လိပ္ျပာေတြၾကား ေပ်ာ္ေနပါ။ အသက္ေတြႀကီးလာတဲ့အခါ ကြၽန္ေတာ့္ကို သတိရပါ။ နာမက်န္းျဖစ္တဲ့အခါ ကြၽန္ေတာ့္ကို သတိရပါ။ က်ရႈံးတဲ့အခါ ကြၽန္ေတာ့္ကို သတိရပါ။

ေလာကမွာ အခ်စ္စစ္ဆိုတာ တကယ္ရွိပါလား ဆိုတဲ့အရာကို ခင္ဗ်ားယုံၾကည္ေအာင္ သက္ေသျပဖို႔ ခင္ဗ်ားဆီမွာ ဘာမက္ေမာစရာမွ မရွိေတာ့တဲ့ တေန႔ကို ေစာင့္ေနတယ္။ ကြၽန္ေတာ္ေန႔တိုင္းလုပ္သမွ် ေကာင္းမႈ ကုသိုလ္ေတြက ခင္ဗ်ားရွိတဲ့ အရပ္ကိုပဲ ဦးတည္တယ္။ ကြၽန္တာ္ မေအးခ်မ္းေပမယ့္ ခင္ဗ်ားတေယာက္ ေတာ့ ေအးခ်မ္းပါေစ…။

Latt Yone

 

Leave a Comment