Daily News

Saturn ဂြိုလ်ကဲ့သို့သော လရဲ့တစ်သက်မှာတစ်ခါသာမြင်တွေ့ရတဲ့ အံ့ဩလှပဖွယ်ကောင်းတဲ့ဓာတ်ပုံကို ဖမ်းယူရိုက်ကူးထားနိုင်ခဲ့တဲ့ ဓာတ်ပုံဆရာ

Saturn ဂြိုလ်ကဲ့သို့သော လရဲ့တစ်သက်မှာတစ်ခါလောက်သာမြင်တွေ့ရမဲ့လျှပ်တပြက်ရိုက်ချက်ကို ရိုက်ကူးနိုင်ခဲ့တဲ့ဓာတ်ပုံဆရာတစ် ဦးဟာ လူအများရဲ့ချီးကျူးခြင်းကိုခံခဲ့ရပါတယ်။ Guatemala နိုင်ငံမှ Francisco Sojuel အမည်ရှိအဆိုပါဓာတ်ပုံဆရာဟာ လွန်ခဲ့တဲ့နှစ်နှစ်က ခရစ်စမတ်အကြိုနေ့မှာ အံ့မခန်းဖြစ်သွားစေမဲ့ဓာတ်ပုံတစ်ပုံကို ဖမ်းယူနိုင်ခဲ့ပါတယ်။ သူ့ရဲ့ Instagram အကောင့်မှာတင်ထားတဲ့ပုံအရ အဆိုပါညမှာ လဟာ ကောင်းကင်ပေါ်မှာ လင်းလက်စွာတောက်ပနေတာကို တွေ့လိုက်ရပြီး ၎င်းပေါ်မှာ တိမ်လွှာလေးတွေက ဖြတ်သွားနေခဲ့ပါတယ်။


.


အစပိုင်းမှာတော့ ၎င်းကို Saturn ဂြိုလ်နဲ့တူတယ်လို့ ဆိုခဲ့ကြပေမဲ့ ဓာတ်ပုံဆရာရဲ့အဆိုအရ ၎င်းထင်ယောင်ထင်မှားဖြစ်စေတဲ့အရာက ရေခဲပုံဆောင်ခဲတွေနဲ့ဖွဲ့စည်းထားတဲ့ cirrostratus cloud လို့ခေါ်တဲ့အရာတစ်ခုကြောင့်သာ ဖြစ်ပါတယ်။


၎င်းအံဩဖွယ်ကောင်းတဲ့ snap ဟာ ဓာတ်ပုံဆရာက လကြတ်ခြင်းမဖြစ်ပွါးမီ နှစ်ရက်အလိုမှာ Guatemala နိုင်ငံရှိ Acatenango မီးတောင်သို့ ၆နာရီကြာ ခြေလျင်လမ်းလျှောက်နေရင်းနဲ့ ဖမ်းယူရိုက်ကူးထားတဲ့ ရိုက်ချက်တစ်ခုဘဲ ဖြစ်ပါတယ်။


.


ထို့နောက် ၎င်းရှားပါးဓာတ်ပုံအား သူ့ရဲ့ social media page မှာ အဆိုပါအသက် ၂၅ နှစ်အရွယ် ဓာတ်ပုံဆရာ Francisco Sojuel က “ လက Saturn⁣ ဂြိုလ်ကဲ့သို့ လှပနေခဲ့တဲ့ည ၊ အဝေးကနေ ကြည့်ရင် လက်စွပ်တစ်ကွင်းက လကို ဝိုင်းပတ်ထားသလို ထင်ရတယ်မလား ၊ တစ်ကယ်တော့ အဲ့တာက cirrostratus cloud တစ်ခုကြောင့်ပါ အခုပုံရိပ်က အပြင်မှာ ကြည့်ရင် ပိုလှပါတယ်၊ သူဟာက တမင်ဖန်တီးထားတဲ့ display တစ်ခုလိုဘဲ ” ဟုတဲ့ caption ဖြင့် ပြန်လည်ဝေမျှပေးခဲ့ပါတယ်။ ၎င်းဓာတ်ပုံကို ဝေမျှပြီးတဲ့နောက်မှာတော့ လူများစွာက ဓာတ်ပုံဆရာ Francisco Sojuel ရဲ့စကေးကို ချီးကျူးသောအားဖြင့် မှတ်ချက်များစွာတို့ကို ရေးသားခဲ့ကြပါတယ်။


.


အင်တာနက်သုံးစွဲသူများက “ ဒီဓာတ်ပုံကို ကြိုက်တယ်” ၊ “ အံ့ဩလောက်အောင်ပါဘဲ ” ၊ “ လှရက်လွန်းတယ်” စတဲ့ ၎င်းတို့ရဲ့ဓာတ်ပုံအပေါ် စိတ်ခံစားချက်များကို ဖော်ပြကာ မှတ်ချက်များရေးသားခဲ့ကြပါတယ်။

Mia (Mckzone Daily)

Source : ladbible

Leave a Comment