Love

တစ်ချို့ မိန်းကလေးတွေရဲ့ အထာ

တစ်ချို့ မိန်းကလေးတွေရဲ့ အထာ

 

တစ်ချို့ မိန်းကလေးတွေက နားလည်ရ အရမ်းခက်တဲ့ အထဲမှာပါတယ်။ မိန်းကလေးချင်းတူနေရင်တောင် သူတို့တွေဟာ အမြဲကွဲပြားတဲ့ အမူအကျင့်တွေ ရှိနေတတ်တယ်။ ဥပမာပြောရရင် သူတို့တွေရဲ့စိတ်က မျောက်စိတ်လိုဘဲ ဂနာမငြိမ်ကြဘူး နောက်ပြီး စိတ်လဲအရမ်းတိုတတ်တယ် ပြီးတော့ စိတ်လဲမရှည်ကြဘူး ပြောရမယ်ဆို ဆက်ဆက်ကျဲ တွေပေါ့။ တခါတလေ စကားပြောရင်းနဲ့လဲ အသံတိတ်ရင် တိတ်သွားတတ်ကြတယ် တခါတလေကျတော့လဲ သူတို့မဟုတ်သလိုဘဲ စကားတွေ ရေပက်မဝင်အောင်ပြော အားရပါးရ ရယ်နေတတ်ပြန်ရော။

များသောအားဖြင့် အဲ့လိုမိန်းကလေးတွေက အသဲတွေပိုးဆိုးပက်ဆက် ကွဲဖူးသလို ရည်းစားလဲ တော်ယုံတန်ယုံနဲ့ မထားတတ်ကြဘူး။ ဇီဇာကြောင်တယ် ပြောရမလား။ သူတို့ စတိုင်လ်က ဘယ်သူ့ကိုမှ ဂရုမစိုက်ဖူး။ ကိုယ်မှန်နေလို့ကတော့ လူသတ်ဖို့လဲ ဝန်မလေးဘူးအရှက်အကြောက်လဲ သိပ်မထားဘူး။ မိတ်ကပ်မပါဘဲနဲ့လဲ Shopping ထွက်ချင်ထွက်လိုက်တာဘဲ။ jj ဘောင်းဘီကြီးနဲ့လဲ Hotpot ဆိုင် ရောက်ရင်ရောက်သွားတာဘဲ။

 

အပြင်ပန်းကကြည့်ရင်တော့ အနေတည်တယ်ထင်ရပေမဲ့ တကယ်ပေါင်းကြည့်မှ ငပေါကြီးမှန်း သိရတာ။ ပျော်ပျော်နေပြီး အရမ်းဖော်ရွေတတ်တာ။ လူတစ်ယောက်ကိုပေါင်းရင် စိတ်နှစ်ပြီးပေါင်းတတ်တယ်။ နောက်ကျောမှာလဲ ဓားယာတွေက ဗလပွရယ် ဒါလဲ အမှတ်မရှိပါဘူး။ အရမ်းချစ်တတ်တယ် အရမ်းလဲ ဂရုစိုက်တတ်တယ် အရမ်းလဲ အလိုလိုက်တတ်တယ် နောက်ပြီး သူတို့မှာ Anxiety mind အရမ်းများလေ့ရှိတယ်။

အချစ်နဲ့ပတ်သတ်ရင် စိတ်ဓာတ်ပြတ်သားတယ်ဘဲပြောရမလား။ ဘယ်လောက်ဘဲ ချစ်ချစ် သည်းခံနိုင်တဲ့ Limit ကျော်သွားရင်တော့ ဖြတ်ပြစ်ဖို့ဝန်မလေးတတ်ကြဘူး။ ပြီးမှ တစ်ယောက်ထဲ ကြိတ်ငိုရင်ငိုလိမ့်မယ် လူတွေရှေ့မှာတော့ Drama တွေမချိုးတတ်ဖူး။ မျက်ရည်ခံမထိုးတတ်ဖူး။

 

အချစ်ရေးမှာ Wrong Preson တွေနဲ့ဘဲ အမြဲတွေ့လေ့ရှိတယ် ကြာတော့ တွဲပျက်ကြီးလိုကို ဖြစ်လို့ သူတို့ရဲ့ အထာက ဘဝကို အကြောတင်းတင်း ဖြတ်သန်းမယ် ဘယ်သူ့ကိုမှ ဂရုမစိုက်ဖူး လာမထိနဲ့ ထိရင်ငြိသွားမယ် လူတိုင်းနဲ့မရော ခင်တဲ့သူ အတွက်ဘဲ ပေါမယ် ရင့်ကျက်သွားတဲ့ လူတစ်ယောက် အထာဖမ်းမယ် ရင့်ကျက်ချင်ယောင်ဆောင်နေတဲ့ ငပေါကြီးမှာလဲ ပြိုလဲချိန်တွေရှိပါတယ် ဒါပေမဲ့ ပြိုလဲကျတိုင်း ဘေးမှာ ဘယ်သူမှ ရှိမနေတတ်တာတစ်ခု အဲ့လို မိန်းကလေးတွေက အရမ်းနားလည်ရခက်တယ်။

ဒါပေမဲ့ သူတို့ကို ရတဲ့သူကတော့ ထီပေါက်တာထက်ကို ကံကောင်းတယ်ပြောရမယ် အဲ့လိုပြောတာက လွယ်တယ်လို့ ဆိုလိုချင်တာမဟုတ်ဖူး Quality ကောင်းတဲ့ ပစ္စည်းဆိုတာ အမြဲစျေးကြီးနေတာမလား။

#Eve

 

Zawgyi

တစ္ခ်ိဳ႕ မိန္းကေလးေတြရဲ႕ အထာ

 

တစ္ခ်ိဳ႕ မိန္းကေလးေတြက နားလည္ရ အရမ္းခက္တဲ့ အထဲမွာပါတယ္။ မိန္းကေလးခ်င္းတူေနရင္ေတာင္ သူတို႔ေတြဟာ အၿမဲကြဲျပားတဲ့ အမူအက်င့္ေတြ ရွိေနတတ္တယ္။ ဥပမာေျပာရရင္ သူတို႔ေတြရဲ႕စိတ္က ေမ်ာက္စိတ္လိုဘဲ ဂနာမၿငိမ္ၾကဘူး ေနာက္ၿပီး စိတ္လဲအရမ္းတိုတတ္တယ္ ၿပီးေတာ့ စိတ္လဲမရွည္ၾကဘူး ေျပာရမယ္ဆို ဆက္ဆက္က်ဲ ေတြေပါ့။ တခါတေလ စကားေျပာရင္းနဲ႔လဲ အသံတိတ္ရင္ တိတ္သြားတတ္ၾကတယ္ တခါတေလက်ေတာ့လဲ သူတို႔မဟုတ္သလိုဘဲ စကားေတြ ေရပက္မဝင္ေအာင္ေျပာ အားရပါးရ ရယ္ေနတတ္ျပန္ေရာ။

မ်ားေသာအားျဖင့္ အဲ့လိုမိန္းကေလးေတြက အသဲေတြပိုးဆိုးပက္ဆက္ ကြဲဖူးသလို ရည္းစားလဲ ေတာ္ယုံတန္ယုံနဲ႔ မထားတတ္ၾကဘူး။ ဇီဇာေၾကာင္တယ္ ေျပာရမလား။ သူတို႔ စတိုင္လ္က ဘယ္သူ႔ကိုမွ ဂ႐ုမစိုက္ဖူး။ ကိုယ္မွန္ေနလို႔ကေတာ့ လူသတ္ဖို႔လဲ ဝန္မေလးဘူးအရွက္အေၾကာက္လဲ သိပ္မထားဘူး။ မိတ္ကပ္မပါဘဲနဲ႔လဲ Shopping ထြက္ခ်င္ထြက္လိုက္တာဘဲ။ jj ေဘာင္းဘီႀကီးနဲ႔လဲ Hotpot ဆိုင္ ေရာက္ရင္ေရာက္သြားတာဘဲ။

 

အျပင္ပန္းကၾကည့္ရင္ေတာ့ အေနတည္တယ္ထင္ရေပမဲ့ တကယ္ေပါင္းၾကည့္မွ ငေပါႀကီးမွန္း သိရတာ။ ေပ်ာ္ေပ်ာ္ေနၿပီး အရမ္းေဖာ္ေ႐ြတတ္တာ။ လူတစ္ေယာက္ကိုေပါင္းရင္ စိတ္ႏွစ္ၿပီးေပါင္းတတ္တယ္။ ေနာက္ေက်ာမွာလဲ ဓားယာေတြက ဗလပြရယ္ ဒါလဲ အမွတ္မရွိပါဘူး။ အရမ္းခ်စ္တတ္တယ္ အရမ္းလဲ ဂ႐ုစိုက္တတ္တယ္ အရမ္းလဲ အလိုလိုက္တတ္တယ္ ေနာက္ၿပီး သူတို႔မွာ Anxiety mind အရမ္းမ်ားေလ့ရွိတယ္။

အခ်စ္နဲ႔ပတ္သတ္ရင္ စိတ္ဓာတ္ျပတ္သားတယ္ဘဲေျပာရမလား။ ဘယ္ေလာက္ဘဲ ခ်စ္ခ်စ္ သည္းခံႏိုင္တဲ့ Limit ေက်ာ္သြားရင္ေတာ့ ျဖတ္ျပစ္ဖို႔ဝန္မေလးတတ္ၾကဘူး။ ၿပီးမွ တစ္ေယာက္ထဲ ႀကိတ္ငိုရင္ငိုလိမ့္မယ္ လူေတြေရွ႕မွာေတာ့ Drama ေတြမခ်ိဳးတတ္ဖူး။ မ်က္ရည္ခံမထိုးတတ္ဖူး။

 

အခ်စ္ေရးမွာ Wrong Preson ေတြနဲ႔ဘဲ အၿမဲေတြ႕ေလ့ရွိတယ္ ၾကာေတာ့ တြဲပ်က္ႀကီးလိုကို ျဖစ္လို႔ သူတို႔ရဲ႕ အထာက ဘဝကို အေၾကာတင္းတင္း ျဖတ္သန္းမယ္ ဘယ္သူ႔ကိုမွ ဂ႐ုမစိုက္ဖူး လာမထိနဲ႔ ထိရင္ၿငိသြားမယ္ လူတိုင္းနဲ႔မေရာ ခင္တဲ့သူ အတြက္ဘဲ ေပါမယ္ ရင့္က်က္သြားတဲ့ လူတစ္ေယာက္ အထာဖမ္းမယ္ ရင့္က်က္ခ်င္ေယာင္ေဆာင္ေနတဲ့ ငေပါႀကီးမွာလဲ ၿပိဳလဲခ်ိန္ေတြရွိပါတယ္ ဒါေပမဲ့ ၿပိဳလဲက်တိုင္း ေဘးမွာ ဘယ္သူမွ ရွိမေနတတ္တာတစ္ခု အဲ့လို မိန္းကေလးေတြက အရမ္းနားလည္ရခက္တယ္။

ဒါေပမဲ့ သူတို႔ကို ရတဲ့သူကေတာ့ ထီေပါက္တာထက္ကို ကံေကာင္းတယ္ေျပာရမယ္ အဲ့လိုေျပာတာက လြယ္တယ္လို႔ ဆိုလိုခ်င္တာမဟုတ္ဖူး Quality ေကာင္းတဲ့ ပစၥည္းဆိုတာ အၿမဲေစ်းႀကီးေနတာမလား။

#Eve

 

Leave a Comment