Love

တကယ်မချစ်ဘဲ ရည်းစားထားကြတဲ့ မိန်းကလေးတချို့ရဲ့ အကြောင်းပြချက် (၆) ချက်

Unicode

တကယ်မချစ်ဘဲ ရည်းစားထားကြတဲ့ မိန်းကလေးတချို့ရဲ့ အကြောင်းပြချက် (၆) ချက်

 

တကယ်မချစ်ဘဲ ရည်းစားထားတယ်ဆိုတဲ့ စကားဟာ ရုတ်တရက်ကြည့်လိုက်ရင်တော့ ဘယ်လိုကြီးလဲတို့၊ ငွေကြောင့်တွဲတာလား စသည်ဖြင့် ထင်မိကြမှာပါ။ ဒါပေမဲ့ ငွေကြေးပိုင်ဆိုင်မှုတွေကြောင့် မဟုတ်ဘဲနဲ့ တကယ်မချစ်ဘဲ ရည်းစားထားကြဖူးတဲ့ မိန်းကလေးတွေ ရှိလို့နေပါတယ်။ ဘယ်လိုအကြောင်းပြချက်တွေကြောင့် ဖြစ်မလဲဆိုတာ ဆက်ဖတ်ကြည့်လိုက်ရအောင်ပါနော်။

(၁) အရင်ရည်းစားကိုမေ့ချင်လို့

ဒါကတော့ မိန်းကလေးတွေတော်တော်များများ လုပ်တတ်ကြပါတယ်။ အရင်ရည်းစားကို အရမ်းချစ်ပေမယ့်လည်း ဘယ်လိုမှ မတတ်သာလို့ လမ်းခွဲပြီးတဲ့နောက် ခံစားနေရတဲ့အတွက် စိတ်ပြေလက်ပျောက်ဆိုပြီး ကိုယ့်အနားချဉ်းကပ်လာတဲ့လူတွေထဲက အဆင်ပြေနိုးနိုးတစ်ယောက်ကို အဖြေပေးလိုက်တာပါ။ နောက်ဆက်တွဲပြဿနာအရ တစ်ဖက်လူက ကိုယ့်ကို တကယ်ချစ်ပေမယ့် ကိုယ်က ဘယ်လိုမှ ချစ်လို့မရတာမျိုးတွေ ဒါမှမဟုတ် ကိုယ်က စိတ်နှစ်တွဲကာမှ တစ်ဖက်လူက အရင်ရည်းစားအတိုင်း အချိုးမြပေလို့ စိတ်ပိုညစ်ရတာမျိုးတွေ ကြုံတတ်လို့ သေချာစဉ်းစားကြပါနော်။

(၂) မုန့်စားချင်လို့

မုန့်စားချင်လို့ဆိုတာ ဂုန်းဆင်းဖို့ကိုပြောတာမဟုတ်ဘူးနော်။ ကိုယ်က ဆိုင်လေးတွေလည်း ထိုင်ချင်တယ်၊ သူငယ်ချင်းတွေကလည်းမအား၊ တစ်ယောက်တည်းလည်းဖြစ်နေတော့ အတူတူမုန့်လိုက်စားပေးဖို့ အဖော်ရှာရင်း ရည်းစားထားဖြစ်သွားသူလေးတွေ တကယ်ရှိပါတယ်နော်။

(၃) အထီးကျန်လို့

ဒါကလည်း အဖြစ်များတဲ့ အချက်တစ်ခုပါ။ ကိုယ့်စိတ်ထဲမှာ ဒီလူကိုချစ်လား၊ မချစ်လားဆိုတာ မသေချာသေးခင်မှာပဲ တစ်ဖက်မှာလည်း အပေါင်းအသင်းမရှိတာတွေ၊ မိသားစုနဲ့လည်း သိပ်မရင်းနှီးတာတွေ၊ ကျောင်းမှာ အလုပ်မှာရဲ့ အဆင်မပြေမှုတွေကို ရင်ဖွင့်ဖို့၊ အပြင်သွားချင်ရင် အဆင်သင့်ရှိအောင်လို့ဆိုပြီး အထီးကျန်နေတဲ့ ခံစားမှုတွေကို ပပျောက်သွားအောင် ရည်းစားထားလေ့ရှိကြပါတယ်။

(၄) အားနာလို့၊ သနားလို့
မိန်းကလေးတွေတော်တော်များများက ကိုယ့်ကို ကောင်လေးတစ်ယောက်လိုက်တာ အချိန်နည်းနည်းလေးကြာလာတာနဲ့ စိတ်ကယိုင်ချင်ချင် ဖြစ်ချင်လာပါတယ်။ အဲဒီအချိန်မှာ အားနာစိတ်နဲ့ သနားစိတ်တို့ဟာလည်း တပြိုင်နက်တည်းဝင်လာတဲ့အခါမှာတော့ တကယ်ချစ်မချစ်ကွဲကွဲပြားပြားမသိခင်မှာဘဲ တွဲဖြစ်သွားတတ်ကြပါတယ်။

(၅) ရွဲ့ချင်လို့
ရွဲ့ချင်လို့ဆိုတဲ့နေရာမှာ ကိုယ့်ကို ရည်းစားမရနိုင်ဘူးဆိုတဲ့ သူငယ်ချင်းတွေ၊ သူကလွဲပြီး ကိုယ့်ကိုလာကြိုက်မယ့်သူ မရှိလောက်ပါဘူးဆိုပြီး ထင်နေကြတဲ့ ရည်းစားဟောင်းတွေနဲ့ ကိုယ့်တိတ်တခိုးကြိတ်ကြွေနေတာကို သိရဲ့သားနဲ့ သွေးနားထင်ရောက်ပြီး ဂရုမစိုက်တဲ့ crush တွေကိုအရွဲ့တိုက်ချင်လို့ ရည်းစားကောက်ထားလိုက်တာလည်း ဖြစ်နိုင်ပါသေးတယ်။

(၆) ဘုမသိဘမသိရည်းစားရသွားခြင်း

ဒါကတော့ မိန်းကလေးမှမဟုတ်ဘဲ ယောက်ျားလေးတွေလည်း ဖြစ်ဖူးကြမှာပါ။ အခုခေတ်က text ပို့တဲ့ခေတ်ဆိုတော့ Facebook ပေါ်မှာ သို့မဟုတ် Instagram မှာ ကြူရင်းအီရင်းနဲ့ ရည်းစားဖြစ်လို့ဖြစ်မှန်းမသိ ဖြစ်သွားကြပြီး တွဲဖြစ်သွားကြတဲ့ အမျိုးအစားပါ။ ဆိုးတယ်လို့ ထင်ရပေမယ့်လို့ ဒီလိုဘုမသိဘမသိနဲ့ ရည်းစားဖြစ်သွားကြရင်းနဲ့မှ အချင်းချင်းတကယ်ချစ်လာကာ နှစ်အကြာကြီးအထိ လက်တွဲမြဲနေသူတွေလည်း အများကြီးပါပဲနော်။

Penny

 

တကယ္မခ်စ္ဘဲ ရည္းစားထားၾကတဲ့ မိန္းကေလးတခ်ိဳ႕ရဲ႕ အေၾကာင္းျပခ်က္ (၆) ခ်က္

 

တကယ္မခ်စ္ဘဲ ရည္းစားထားတယ္ဆိုတဲ့ စကားဟာ ႐ုတ္တရက္ၾကည့္လိုက္ရင္ေတာ့ ဘယ္လိုႀကီးလဲတို႔၊ ေငြေၾကာင့္တြဲတာလား စသည္ျဖင့္ ထင္မိၾကမွာပါ။ ဒါေပမဲ့ ေငြေၾကးပိုင္ဆိုင္မႈေတြေၾကာင့္ မဟုတ္ဘဲနဲ႔ တကယ္မခ်စ္ဘဲ ရည္းစားထားၾကဖူးတဲ့ မိန္းကေလးေတြ ရွိလို႔ေနပါတယ္။ ဘယ္လိုအေၾကာင္းျပခ်က္ေတြေၾကာင့္ ျဖစ္မလဲဆိုတာ ဆက္ဖတ္ၾကည့္လိုက္ရေအာင္ပါေနာ္။

(၁) အရင္ရည္းစားကိုေမ့ခ်င္လို႔
ဒါကေတာ့ မိန္းကေလးေတြေတာ္ေတာ္မ်ားမ်ား လုပ္တတ္ၾကပါတယ္။ အရင္ရည္းစားကို အရမ္းခ်စ္ေပမယ့္လည္း ဘယ္လိုမွ မတတ္သာလို႔ လမ္းခြဲၿပီးတဲ့ေနာက္ ခံစားေနရတဲ့အတြက္ စိတ္ေျပလက္ေပ်ာက္ဆိုၿပီး ကိုယ့္အနားခ်ဥ္းကပ္လာတဲ့လူေတြထဲက အဆင္ေျပႏိုးႏိုးတစ္ေယာက္ကို အေျဖေပးလိုက္တာပါ။ ေနာက္ဆက္တြဲျပႆနာအရ တစ္ဖက္လူက ကိုယ့္ကို တကယ္ခ်စ္ေပမယ့္ ကိုယ္က ဘယ္လိုမွ ခ်စ္လို႔မရတာမ်ိဳးေတြ ဒါမွမဟုတ္ ကိုယ္က စိတ္ႏွစ္တြဲကာမွ တစ္ဖက္လူက အရင္ရည္းစားအတိုင္း အခ်ိဳးျမေပလို႔ စိတ္ပိုညစ္ရတာမ်ိဳးေတြ ႀကဳံတတ္လို႔ ေသခ်ာစဥ္းစားၾကပါေနာ္။

(၂) မုန႔္စားခ်င္လို႔
မုန႔္စားခ်င္လို႔ဆိုတာ ဂုန္းဆင္းဖို႔ကိုေျပာတာမဟုတ္ဘူးေနာ္။ ကိုယ္က ဆိုင္ေလးေတြလည္း ထိုင္ခ်င္တယ္၊ သူငယ္ခ်င္းေတြကလည္းမအား၊ တစ္ေယာက္တည္းလည္းျဖစ္ေနေတာ့ အတူတူမုန႔္လိုက္စားေပးဖို႔ အေဖာ္ရွာရင္း ရည္းစားထားျဖစ္သြားသူေလးေတြ တကယ္ရွိပါတယ္ေနာ္။

(၃) အထီးက်န္လို႔
ဒါကလည္း အျဖစ္မ်ားတဲ့ အခ်က္တစ္ခုပါ။ ကိုယ့္စိတ္ထဲမွာ ဒီလူကိုခ်စ္လား၊ မခ်စ္လားဆိုတာ မေသခ်ာေသးခင္မွာပဲ တစ္ဖက္မွာလည္း အေပါင္းအသင္းမရွိတာေတြ၊ မိသားစုနဲ႔လည္း သိပ္မရင္းႏွီးတာေတြ၊ ေက်ာင္းမွာ အလုပ္မွာရဲ႕ အဆင္မေျပမႈေတြကို ရင္ဖြင့္ဖို႔၊ အျပင္သြားခ်င္ရင္ အဆင္သင့္ရွိေအာင္လို႔ဆိုၿပီး အထီးက်န္ေနတဲ့ ခံစားမႈေတြကို ပေပ်ာက္သြားေအာင္ ရည္းစားထားေလ့ရွိၾကပါတယ္။

(၄) အားနာလို႔၊ သနားလို႔
မိန္းကေလးေတြေတာ္ေတာ္မ်ားမ်ားက ကိုယ့္ကို ေကာင္ေလးတစ္ေယာက္လိုက္တာ အခ်ိန္နည္းနည္းေလးၾကာလာတာနဲ႔ စိတ္ကယိုင္ခ်င္ခ်င္ ျဖစ္ခ်င္လာပါတယ္။ အဲဒီအခ်ိန္မွာ အားနာစိတ္နဲ႔ သနားစိတ္တို႔ဟာလည္း တၿပိဳင္နက္တည္းဝင္လာတဲ့အခါမွာေတာ့ တကယ္ခ်စ္မခ်စ္ကြဲကြဲျပားျပားမသိခင္မွာဘဲ တြဲျဖစ္သြားတတ္ၾကပါတယ္။

(၅) ႐ြဲ႕ခ်င္လို႔
႐ြဲ႕ခ်င္လို႔ဆိုတဲ့ေနရာမွာ ကိုယ့္ကို ရည္းစားမရႏိုင္ဘူးဆိုတဲ့ သူငယ္ခ်င္းေတြ၊ သူကလြဲၿပီး ကိုယ့္ကိုလာႀကိဳက္မယ့္သူ မရွိေလာက္ပါဘူးဆိုၿပီး ထင္ေနၾကတဲ့ ရည္းစားေဟာင္းေတြနဲ႔ ကိုယ့္တိတ္တခိုးႀကိတ္ေႂကြေနတာကို သိရဲ႕သားနဲ႔ ေသြးနားထင္ေရာက္ၿပီး ဂ႐ုမစိုက္တဲ့ crush ေတြကိုအ႐ြဲ႕တိုက္ခ်င္လို႔ ရည္းစားေကာက္ထားလိုက္တာလည္း ျဖစ္ႏိုင္ပါေသးတယ္။

(၆) ဘုမသိဘမသိရည္းစားရသြားျခင္း
ဒါကေတာ့ မိန္းကေလးမွမဟုတ္ဘဲ ေယာက္်ားေလးေတြလည္း ျဖစ္ဖူးၾကမွာပါ။ အခုေခတ္က text ပို႔တဲ့ေခတ္ဆိုေတာ့ Facebook ေပၚမွာ သို႔မဟုတ္ Instagram မွာ ၾကဴရင္းအီရင္းနဲ႔ ရည္းစားျဖစ္လို႔ျဖစ္မွန္းမသိ ျဖစ္သြားၾကၿပီး တြဲျဖစ္သြားၾကတဲ့ အမ်ိဳးအစားပါ။ ဆိုးတယ္လို႔ ထင္ရေပမယ့္လို႔ ဒီလိုဘုမသိဘမသိနဲ႔ ရည္းစားျဖစ္သြားၾကရင္းနဲ႔မွ အခ်င္းခ်င္းတကယ္ခ်စ္လာကာ ႏွစ္အၾကာႀကီးအထိ လက္တြဲၿမဲေနသူေတြလည္း အမ်ားႀကီးပါပဲေနာ္။

Penny

 

Leave a Comment