Daily News

ကားပျက်သွားခဲ့ပေမဲ့ သူ့ရဲ့ကြင်နာမှုများကြောင့် အားကစားသမားများဆီကနေ ကားအသစ်တစ်စီးနှင့်အတူ ဒေါ်လာ ၂,၀၀၀ ဖြင့် စပရိုက်လုပ်တာကိုခံခဲ့ရတဲ့ ဘော်လီဘောဒိုင်လူကြီးတစ်ဦး (ရုပ်သံ)

အသက် ၇၈ နှစ်အရွယ် Lemuel Buster အမည်ရှိအဘိုးဟာ Paulding County Parks and Recreation Department အတွက် ဒိုင်တစ်ဦးဖြစ်သလို ဘော်လီဘောကစားသမားဟောင်းတစ်ဦးလည်းဖြစ်တဲ့ Lemuel ဟာပတ်ဝန်းကျင်အတွက် ဘာမဆိုလုပ်ပေးတတ်သူတသ်ဦးလည်း ဖြစ်ပါတယ်။ အားကစားနှင့်လူမှုအသိုင်းအဝိုင်းအတွက် သူရဲ့အဆုံးစွန်သောပံ့ပိုးမှုနှင့်ကတိကဝတ်အတွက် လူအများကလည်း Lemuel အတွက် အဖိုးတန်တဲ့အရာတစ်ခုကို ပြန်ပေးခဲ့ကြပါတယ်။ အဘိုး Lemuel ဟာ အငြိမ်းစားရေတပ်တိရစ္ဆာန်ဆေးကုဆရာဝန်တစ်ဦးလည်းဖြစ်ပြီး လွန်ခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်လောက်က သူ့ရဲ့ကားကို ပျက်စီးသွားစေတဲ့ဖြစ်ရပ်တစ်ခုကို ကြုံတွေ့ခဲ့ရပါတယ်။ သို့ပေမဲ့ ၎င်းဖြစ်ရပ်ကြောင့် Lemuel ဟာ ဘော်လီဘောဒိုင်တစ်ဦးအဖြစ် သူ့ရဲ့တာဝန်များကို မပျက်ကွက်စေခဲ့ပါဘူး။


“ ငါ့ရဲ့ပတ်ဝန်းကျင်ကို ငါဂရုစိုက်တယ် ၊ အဲ့ဒါက ငါ့အတွက် အဓိပ္ပာယ်အများကြီးရှိတယ် ၊ အဲ့ဒါကြောင့် ငါ့တာဝန်ကို ပြီးအောင်လုပ်ဖို့ ငါကားတစ်စီးကို ဌားခဲ့ရတယ် ” ဟု Lemuel က သူ့ရဲ့ကားပျက်တဲ့အကြောင်းကို ပြောပြခဲ့ပါတယ်။


ဘော်လီဘောအသိုင်းအဝိုင်းဟာ သူ့အတွက် မိသားစုရဲ့အစိတ်အပိုင်းတစ်ခုလိုဖြစ်ပြီး ၎င်းဘော်လီဘောကစားသမားများရဲ့ မိဘများနှင့်၎င်းတို့ရဲ့အသိုင်းအဝိုင်းရှိလူတိုင်းဟာ သူ့ရဲ့သားသမီးများနှင့်မြေးတွေဘဲ သဘောထားတတ်ပါတယ်။


ထို့အပြင် ၎င်းအားကစားသမားများကလည်း Lemuel နှင့်နည်းတူလည်း ခံစားနေခဲ့ရပုံရပါတယ်။ ထို့နောက် ၎င်းအားကစားများဟာ Lemuel ရဲ့ကားပျက်စီးသွားကြောင်းနှင့် သူဟာ ၎င်းတို့အား ကူညီရန် လွန်ခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်လောက်ကတည်းက ကားတစ်စီးကိုငှါးနေခဲ့ကြောင်းကိုသိသွားကြတဲ့အခါ ၎င်းတို့က သူ့ရဲ့ကြင်နာမှုအတွက် တစ်ခုခုကိုပြန်လုပ်ပေးလိုခဲ့ကြပါတယ်။


၎င်းတို့က Lemuel အတွက် ပိုက်ဆံစုရန် တိတ်တဆိတ်စီစဉ်ခဲ့ကြပြီး နှစ်ပတ်အကြာမှာတော့ ၎င်းတို့က သူ့အား convertible Chrysler Sebring ကားအသစ်တစ်စီးကို ဝယ်ပေးဖို့ ငွေအလုံအလောက်စုနိုင်သွားခဲ့ပါတယ်။ ထို့အပြင် ၎င်းတို့ဟာ Lemuel အား tag များ နှင့် gas များထည့်နိုင်ရန်အတွက် ဒေါ်လာ ၂,၀၀၀ ကျော်ကိုပါ စုဆောင်းနိုင်ခဲ့ပါတယ်။


Lemuel ဟာ အံ့ဩဖွယ်ကောင်းတဲ့၎င်းအရာကို သိလိုက်ရတဲ့အခါ စကားမပြောဘဲ ဖြစ်နေခဲ့ရပါတယ်။ ၎င်းအံ့ဩစရာကောင်းတဲ့အဖြစ်အပျက်နှင့်ပတ်သက်ပြီး Lemuel က ” ငါမျက်ရည်ကျခဲ့တယ်! ငါဘာမှမပြောနိုင်ခဲ့ဘူး ၊ ဒါဟာ အံ့သြဖွယ်ပါပဲ ၊ ငါအသက်ရှင်နေသရွေ့ဒီနေ့ကို ငါဘယ်တော့မှမေ့မှာမဟုတ်ဘူး ” ဟု ပြောကြားခဲ့ပါတယ်။

ကားအသစ်တစ်စီးကြောင့် အံ့ဩသွားခဲ့ရတဲ့ ကြည်နူးစရာကောင်းတဲ့ အဘိုး Lemuel ရဲ့အခိုက်အတန့်ဗီဒီယိုလေးကို စာဖတ်သူတို့လည်း ကြည့်ရှုနိုင်ရန်အတွက်ပါ ဖော်ပြပေးခဲ့လိုက်ပါတယ်ဗျာ။

Mia (Mckzone Daily)

Source : goodtimes

Leave a Comment