Wed. Oct 27th, 2021

ဘယ်လိုလူမျိုးကိုလိုချင်သလဲဆို ကိုယ့်မျက်နှာတစ်ချက်အညှိုးမခံမယ့်သူမျိုးကိုပါ။

 

လူတိုင်းဟာ ကိုယ့်အပေါ်ကောင်းမယ့်သူ ကြင်နာမယ့်သူနွေးထွေးမယ့်သူကိုပဲလိုချင်ကြတာ။ ချစ်တယ်လို့ပြောပြီးမနွေးထွေးပေးနိုင်တဲ့ သူမျိုးကိုတော့ဘယ်သူကမှမလိုချင်ကြပါဘူး။ အချစ်ဆိုတာ အမြဲပျော်ရွှင်နေနိုင်မှာမဟုတ်တောင် ပျော်ရွှင်ရတဲ့အချိန်တိုင်းမှာသူ့ကြောင့်ဆိုတဲ့ ခံစားမှုမျိုးခံစားမိအောင်လုပ်ပေးနိုင်မယ့်။ သူမျိုးကိုသာလိုချင်တပ်မက်မိကြမှာပါပဲ။

ကိုယ့်ကိုအမြဲငိုအောင်လုပ်တဲ့သူထက် ကိုယ့်ကိုပျော်ရွှင်အောင်လုပ်ပေးနိုင်တဲ့ သူမျိုးကိုပိုပြီးလိုအပ်ကြတယ်။ ပျော်ရွှင်မှုဆိုတာဟာလည်းသူပေးနိုင်တဲ့ တန်ဖိုးကြီးပစ္စည်းတွေကိုဆိုလိုတာမဟုတ်ဘဲ သူ့ရင်ထဲကလာတဲ့ချစ်ခြင်းမေတ္တာတွေပါပဲ။ တောင်းစရာမလိုပါဘဲ သူ့ဘက်ကလိုလိုလားလား ပေးလာတဲ့ဂရုစိုက်မှုလေးတွေဟာတန်ဖိုး ဖြတ်မရအောင်အဖိုးတန်လွန်းပါတယ်။

 

ချစ်တယ်ဆိုတာကိုပဲကြားချင်တာမဟုတ်ပါဘူး။ ချစ်တယ်ဆိုတာကိုသက်သေပြတာကိုလိုချင်တာ။ နွေးထွေးပေးတာမျိုးအလေးထားတာမျိုး ကြင်ကြင်နာနာရှိနေပေးတာမျိုးပေါ့။ ဘယ်အချိန်မဆိုတောင်းပန်ဖို့ ဝန်မလေးတဲ့သူမျိုးပေါ့။ လုပ်ချင်ရာလုပ်ပြီးတောင်းပန်တဲ့သူမျိုးမဟုတ်ပါဘဲ ကိုယ့်အပေါ်ဘာမှားမှန်းမသိတောင် ကိုယ့်မျက်နှာညှိုးငယ်သွားတာနဲ့ အတင်းတောင်းပန်နေတတ်တာမျိုးပေါ့။

အချစ်ဆိုတာချစ်နေရုံနဲ့မပြီးဘူး ချစ်တယ်လို့ပြောလိုက်ရုံနဲ့လည်းအဆင်မ​ပြေဘူး။ နားလည်မှုရှိဖို့လိုတယ် ကြင်နာတတ်ဖို့လိုတယ်။ ချစ်ပြတတ်ဖို့လိုတယ် အလျှော့ပေးတတ်ဖို့လိုတယ်။

မင်းထက်ကောင်းတဲ့သူတွေရှိနေရင်တောင်မှ မင်းကိုပဲရွေးချယ်မယ်။ မင်းမပေးနိုင်တဲ့အရာတွေပေးနိုင်တဲ့သူရှိတောင် မင်းကိုပဲရွေးချယ်မယ်။ သေချာတယ်မင်းလောက်ဘယ်သူ့မှ ငါ့အပေါ်မချစ်နိုင်ဘူး….

Zawgyi

ဘယ္လိုလူမ်ိဳးကိုလိုခ်င္သလဲဆို ကိုယ့္မ်က္ႏွာတစ္ခ်က္အညႇိဳးမခံမယ့္သူမ်ိဳးကိုပါ။

 

လူတိုင္းဟာ ကိုယ့္အေပၚေကာင္းမယ့္သူ ၾကင္နာမယ့္သူေႏြးေထြးမယ့္သူကိုပဲလိုခ်င္ၾကတာ။ ခ်စ္တယ္လို႔ေျပာၿပီးမေႏြးေထြးေပးႏိုင္တဲ့ သူမ်ိဳးကိုေတာ့ဘယ္သူကမွမလိုခ်င္ၾကပါဘူး။ အခ်စ္ဆိုတာ အၿမဲေပ်ာ္႐ႊင္ေနႏိုင္မွာမဟုတ္ေတာင္ ေပ်ာ္႐ႊင္ရတဲ့အခ်ိန္တိုင္းမွာသူ႔ေၾကာင့္ဆိုတဲ့ ခံစားမႈမ်ိဳးခံစားမိေအာင္လုပ္ေပးႏိုင္မယ့္။ သူမ်ိဳးကိုသာလိုခ်င္တပ္မက္မိၾကမွာပါပဲ။

ကိုယ့္ကိုအၿမဲငိုေအာင္လုပ္တဲ့သူထက္ ကိုယ့္ကိုေပ်ာ္႐ႊင္ေအာင္လုပ္ေပးႏိုင္တဲ့ သူမ်ိဳးကိုပိုၿပီးလိုအပ္ၾကတယ္။ ေပ်ာ္႐ႊင္မႈဆိုတာဟာလည္းသူေပးႏိုင္တဲ့ တန္ဖိုးႀကီးပစၥည္းေတြကိုဆိုလိုတာမဟုတ္ဘဲ သူ႔ရင္ထဲကလာတဲ့ခ်စ္ျခင္းေမတၱာေတြပါပဲ။ ေတာင္းစရာမလိုပါဘဲ သူ႔ဘက္ကလိုလိုလားလား ေပးလာတဲ့ဂ႐ုစိုက္မႈေလးေတြဟာတန္ဖိုး ျဖတ္မရေအာင္အဖိုးတန္လြန္းပါတယ္။

 

ခ်စ္တယ္ဆိုတာကိုပဲၾကားခ်င္တာမဟုတ္ပါဘူး။ ခ်စ္တယ္ဆိုတာကိုသက္ေသျပတာကိုလိုခ်င္တာ။ ေႏြးေထြးေပးတာမ်ိဳးအေလးထားတာမ်ိဳး ၾကင္ၾကင္နာနာရွိေနေပးတာမ်ိဳးေပါ့။ ဘယ္အခ်ိန္မဆိုေတာင္းပန္ဖို႔ ဝန္မေလးတဲ့သူမ်ိဳးေပါ့။ လုပ္ခ်င္ရာလုပ္ၿပီးေတာင္းပန္တဲ့သူမ်ိဳးမဟုတ္ပါဘဲ ကိုယ့္အေပၚဘာမွားမွန္းမသိေတာင္ ကိုယ့္မ်က္ႏွာညႇိဳးငယ္သြားတာနဲ႔ အတင္းေတာင္းပန္ေနတတ္တာမ်ိဳးေပါ့။

အခ်စ္ဆိုတာခ်စ္ေန႐ုံနဲ႔မၿပီးဘူး ခ်စ္တယ္လို႔ေျပာလိုက္႐ုံနဲ႔လည္းအဆင္မ​ေျပဘူး။ နားလည္မႈရွိဖို႔လိုတယ္ ၾကင္နာတတ္ဖို႔လိုတယ္။ ခ်စ္ျပတတ္ဖို႔လိုတယ္ အေလွ်ာ့ေပးတတ္ဖို႔လိုတယ္။

မင္းထက္ေကာင္းတဲ့သူေတြရွိေနရင္ေတာင္မွ မင္းကိုပဲေ႐ြးခ်ယ္မယ္။ မင္းမေပးႏိုင္တဲ့အရာေတြေပးႏိုင္တဲ့သူရွိေတာင္ မင္းကိုပဲေ႐ြးခ်ယ္မယ္။ ေသခ်ာတယ္မင္းေလာက္ဘယ္သူ႔မွ ငါ့အေပၚမခ်စ္ႏိုင္ဘူး….

Tay

 

Leave a Reply

Your email address will not be published. Required fields are marked *