Uncategorized

ခင်ပွန်းဖြစ်သူ သေဆုံးသွားခဲ့ပြီးနောက် လူ့အဖွဲ့အစည်းနဲ့အတူမနေနိုင်တော့လို့ သားသမီး 5 ယောက်ကိုခေါ်ပြီး တောထဲမှာသာ သီးသန့်နေထိုင်ခဲ့တဲ့ အမျိုးသမီး

တရုတ်နိုင်ငံဒေသခံဝန်ထမ်းတစ်စုဟာ ယူနန်ပြည်နယ်တောအုပ်ရှိကျေးလက်ဒေသသို့ပရဟိတအလုပ်များသွားလုပ်ခဲ့ကြပါတယ်။ ၎င်းတို့က ရေကန်ငယ်တစ်ခုကိုဖြတ်သွားတဲ့အခါ ညီအစ်မဖြစ်တဲ့ Zhang Xiaomei နဲ့ Zhang Meihua တို့ကို တွေ့ခဲ့ကြပါတယ်။ ထို့နောက် ၎င်းတို့က အမေဖြစ်သူနှင့်အတူ မိသားစု ၆ယောက်တို့ဟာ မြို့ပြယဉ်ကျေးမှုနှင့်ဝေးကွာနေတဲ့၎င်းဒေသမှာနေထိုင်နေကြတာကို သိရှိသွားခဲ့ရပါတယ်။ ၎င်းတို့မိသားစုဟာ အမေဖြစ်သူက အသက် ၄၇ နှစ် ၊ အကြီးဆုံးသားဖြစ်တဲ့ Zhang Fuhong က အသက် ၂၃ နှစ်၊ ဒုတိယနှင့်တတိယမြောက်သားများက Zhang Fuxue နှင့် Zhang Fujin၊ တို့ဖြစ်ကြပြီး ကျန်တာက သမီးနှစ်ယောက်ဖြစ်တဲ့ Zhang Meihua နှင့် Zhang Xiaomei တို့ဘဲ ဖြစ်ပါတယ်။


လွန်ခဲ့သောနှစ်အနည်းငယ်က ခင်ပွန်းဖြစ်သူက ရုတ်တရက်ကွယ်လွန်သွားခဲ့ပြီး ဘဝရဲ့ဝန်ထုပ်ဝန်ပိုးများက သူမအပေါ်သို့ ကျရောက်လာခဲ့တာကြောင့် မိခင်ဖြစ်သူဟာ ကြေကွဲမှုကို ခံစားနေခဲ့ရပါတယ်။


ယခုအခါ မြို့ပြနှင့်ဝေးကွာသောကြောင့် ၎င်းမိသားစု ၆ ယောက်တို့ဟာဆေးဘက်ဆိုင်ရာပါဝင်ပစ္စည်းများအတွက် မှိုများနှင့်ဆိတ်များကို ရှာဖွေကြရပါတယ်။ ၎င်းက မိသားစုရဲ့အဓိကဝင်ငွေရင်းမြစ်ပါဘဲ။ အဆိုပါမိသားစုဟာ ၎င်းတို့ရဲ့စားနပ်ရိက္ခာလိုအပ်ချက်များအတွက် ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးကြပါတယ်။ နှစ်တွေကုန်လွန်လာတာနဲ့အမျှ မိခင်ဖြစ်သူရဲ့ စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှုကြောင့် သူမရဲ့သမီးနှစ်ယောက်ကသာ နေ့စဉ်ချက်ပြုတ်မှုတွေကို တာဝန်ယူခဲ့ရပါတယ်။


သူမရဲ့သားသုံးယောက်ကလည်း နေ့စဉ် တောင်ပေါ်သို့ ၃ နာရီကြာတဲ့အထိတက်ကာ သိုးထိန်းရင်း ဆေးဖက်ဝင်ပစ္စည်းများကိုရှာဖွေသလို မှိုများကိုပါကောက်ကာ အနီးဆုံးကျေးရွာမှာ ရောင်းချကြရပါတယ်။


ရောင်းချခြင်းမှရရှိတဲ့အကျိုးအမြတ်များကို အိမ်ရဲ့အခြားလိုအပ်ချက်များအတွက် ဝယ်ယူလေ့ရှိကြပါတယ်။ ပြီးခဲ့သည့်နှစ်နှစ်အတွင်းက ၎င်းတောင်တန်းဒေသများ၌လမ်းပြုပြင်ခြင်းများပြုလုပ်ခဲ့တာကြောင့် ၎င်းတို့မိသားစုဟာ အပြင်ထွက်ရန်အခွင့်အလမ်းအချို့ ရှိခဲ့ကြပြီး ညီအစ်ကိုသုံးယောက်တို့ဟာ မြို့မှခေတ်မီပစ္စည်းအချို့ကို ဝယ်ယူလာခဲ့ကြပါသေးတယ်။


Pan Zhixian အမည်ရှိမိခင်နှင့်သူမရဲ့သားသမီး ၅ ယောကိတို့ဟာ တောထဲ၌အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ကြပြီး ၎င်းတို့ဟာ မူလဘဝအတိုင်း နေထိုင်ခဲ့ကြပါတယ်။ ၎င်းမိသားစုဟာ အိမ်ထောင်စုဇယားများလည်း ပျောက်ဆုံးနေခဲ့တာကြောင့် ၎င်းတို့ရဲ့တည်ရှိမှုကို ဘယ်သူကမှမသိကြပါဘူး။


နောက်ပိုင်းမှာ စေတနာ့ဝန်ထမ်းများက ၎င်းတို့အတွက် အလှူငွေများစုဆောင်းရန် မြို့သို့ပြန်လာခဲ့ကြပြီး အဝတ်အစားများနှင့်နေ့စဉ်လိုအပ်ချက်များကိုဝယ်ယူပြီးနောက် ဒေသခံအစိုးရကိုယ်စားလှယ်များနှင့်အတူ ၎င်းတို့ထံပြန်သွားခဲ့ကြကာ ၎င်းတို့ရဲ့မိသားစုကို အန်နင်မြို့ရှိ လူနေရပ်ကွက်တစ်ခုမှာ နေထိုင်စေခဲ့ကြပါတယ်။


မိခင်ဖြစ်သူကိုလည်း ဆေးကုသဖို့ ဆေးရုံပိုခဲ့ကြပြီး အငယ်ဆုံးသမီးအား ဒေသခံကျောင်းမှာ ကျောင်းပြန်တက်စေခဲ့ကြပါတယ်။ အကိုကြီးသုံးယောက်ကတော့ တောင်ပေါ်မှာ ရိုးရာလယ်ယာကိုသာ ဆက်လက်လုပ်ကိုင်နေခဲ့ကြပါတယ်။


“ မကြာခင်မှာ ငါတို့ကတောင်ပေါ်ကနေ ဆင်းလာပြီး ခေတ်သစ်လူ့ဘောင်အဖွဲ့အစည်းထဲကို ပေါင်းစည်းဖို့ အပြင်မှာ အလုပ်လုပ်ရလိမ့်မယ်” ဟု ၎င်းမိသားစုက ထို့ကဲ့သို့ပြောကြားခဲ့ပါတယ်။

Mia (KBdailynews)

Reference : gtgoodtimes

Leave a Comment