Amazing

ကမ္ဘာအနှံ့ခြေဆန့်ကာ ခရီးသွားချင်သူများအတွက် ရင်သပ်ရှုမောဖွယ်ရာ နေရာဒေသများ

ခရီးသွားခြင်းသည် ဒေသန္တရ ဗဟုသုတများကို တိုးပွားစေရုံသာမကဘဲ စိတ်လက်အပန်းပြေစေခြင်း၊ အတွေ့အကြုံသစ်များ ရရှိစေခြင်း အစရှိတဲ့ အကျိုးကျေးဇူးများကို ရရှိပိုင်ဆိုင်စေပါတယ်။ အချို့ကလည်း ပြည်တွင်းခရီးသွားလာရတာကို ကြိုက်နှစ်သက်ကြပြီး အချို့ကလည်း ပြည်ပခရီးများကို နှစ်သက်ကြပါတယ်။

ဒီဆောင်းပါးလေးကတော့ စွန့်စားခရီးသွားချင်သူများ၊ ပြည်ပကို ခြေဆန့်ဖို့ စိတ်ကူးနေသူများအတွက် ဘယ်နိုင်ငံတွေက လည်ပတ်လို့ကောင်းသလဲဆိုတာကို ဖော်ပြပေးလိုက်ရပါတယ်။

ကနေဒါ


ကမ္ဘာပေါ်တွင် တတိယအကြီးဆုံးနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ကနေဒါနိုင်ငံသည် စွန့်လွှတ်စွန့်စားခရီးသွားများအတွက် အသင့်တော်ဆုံးနေရာတစ်ခုပဲဖြစ်ပါတယ်။ Manitoba ပြည်နယ်မှာ ပိုလာဝက်ဝံတွေနဲ့ လမ်းအတူတူလျှောက်ချင်တာလား ဒါမှမဟုတ် ဝေလငါးတွေနဲ့အတူတူ ရေလွှာလျှောစီးချင်တာလား စသည်ဖြင့် မိမိစိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်။

Iceland


သင်သည် ရုပ်ရှင်တွေထဲကလို လှပတဲ့ အလင်းတန်းလေးတွေကို ကြည့်ရှုခံစားချင်တယ်ဆိုရင်တော့ Iceland ကို သွားရောက်လည်ပတ်သင့်ပါတယ်။

Madagascar


သင်သည် သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသူတစ်ယောက် သဘာဝတောကောင်လေးများနဲ့ မိတ်ဆွေဖွဲ့ချင်သူတစ်ယောက်ဆိုရင်တော့ Madagascar က သင့်ကို စောင့်ကြိုနေပါတယ်။ Madagascar ရှိ Tsingy de Bemaraha အမျိုးသားဥယျာဉ်သည် ယူနက်စကို သမိုင်းဝင်ယဉ်ကျေးမှုအမွေအနှစ်စာရင်းထဲတွင် မှတ်တမ်းတင်ခံရပြီး သင် တစ်ခါမှ မတွေ့ဖူးတဲ့ တိရိစ္ဆာန်လေးများကိုလည်း ရင်သပ်ရှုမောဖွယ်ရာတွေ့မြင်ရမှာပါ။

နယူးဇီလန်


နယူးဇီလန်နိုင်ငံသည် Bungee Jumping အားကစား စတင်ပေါ်ပေါက်ရာနေရာဒေသတစ်ခုဖြစ်တဲ့အတွက်ကြောင့် နယူးဇီလန်သွားတဲ့အခါ ထိုအားကစားကို မမေ့မလျော့ စမ်းကြည့်ဖို့ အကြံပေးလိုက်ရပါတယ်။

သီရီလင်္ကာ


ရင်သပ်ရှုမောဖွယ်ရာတောတောင်အလှများနဲ့ ပြည့်နှက်နေတဲ့ သီရိလင်္ကာနိုင်ငံကိုလည်း မေ့မထားသင့်ပါဘူး။ သူ့ရဲ့ပတ်ဝန်းကျင်ထိန်းသိမ်းတဲ့စနစ်က ကောင်းမွန်တဲ့အတွက်ကြောင့် ရှေးဟောင်းမြို့တော်များ၊ ယဉ်ကျေးမှုလက်ရာများလည်း ယနေ့ထိတိုင် မြင်တွေ့နိုင်ပါတယ်။ ထိုအချက်ကြောင့်လည်း ကမ္ဘာလှည့်ခရီးသွားများအကြား ရေပန်းစားနေရခြင်းဖြစ်ပါတယ်။

အန္တာတိတ်ဒေသ


သင့်အနေနဲ့ သူမတူတဲ့အတွေ့အကြုံများကို လိုချင်တယ် အအေးခဲဆုံးနေရာဒေသကိုမှ သွားရောက်လည်ပတ်ချင်တယ်ဆိုရင်တော့ တောင်ဝင်ရိုးစွန်းမှာရှိတဲ့ ဆီးနှင်းပြင်ကြီးဆီသို့ သွားရောက်လည်ပတ်သင့်ပါတယ်။ ဒါပေမဲ့ ထိုဒေသသည် လူသူအရောက်အပေါက်နည်းတဲ့အတွက်ကြောင့် သင့်အနေနဲ့ အခက်အခဲတစ်စုံတစ်ရာ ကြုံတွေ့ရပါက ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာကို ထည့်သွင်းစဉ်းစားသင့်ပါတယ်။

Source: Greatexplorersgo.com

Leave a Comment