တစ်နေ့တာရဲ့အစ မနက်ခင်းဟာ လူတိုင်းအတွက်အရေးပါလှပါတယ်။ မနက်ခင်းပိုင်းမှာ စိတ်မကြည်မလင် ဖြစ်ခဲ့ရပြီဆိုရင် တစ်နေ့တာလုံး အလုပ်လုပ်ရတာ လူတွေနဲ့ပြောဆိုဆက်ဆံရတာ အဆင်မပြေနိူင်ပါဘူး။ ဒါကြောင့် ပြီးပြည့်စုံကောင်းမွန်တဲ့မနက်ခင်းတစ်ခု ကိုပိုင်ဆိုင်နိုင်စေဖို့ ထိရောက်တဲ့ နည်းလမ်းကောင်းလေးတွေကို ပြောပြပေးသွားမှာပါ။
(၁) သီချင်းနားထောင်ပါ

Photo : Freepik
ဂီတဟာ လူတွေရဲ့ စိတ်ခံစားမှုကို ပြောင်းလဲပစ်နိုင်ပါတယ်။ လေ့လာမှုတွေအရ ဂီတဟာ ပျော်ရွှင်မှုကို ဖြစ်ပေါ်စေပြီး စိုးရိမ်ကြောင့်ကျမှုကို လျှော့ချပေးတယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် သင့်ရဲ့မနက်ခင်းကို မြူးကြွတဲ့ ဂီတသံစဉ်တွေနဲ့ ဖြတ်သန်းဖို့ အကြံပေးချင်ပါတယ်။
(၂) လက်ဖက်ရည်ကြမ်း/ချောကလက်သောက်ပါ

Photo : Freepik
သင်ဟာ ကော်ဖီမကြိုတ်တဲ့သူဆိုရင် လက်ဖက်ရည်ကြမ်းကို စမ်းသောက်ကြည့်ပါ။ လက်ဖက်ရည် ကြမ်းမှာလည်း ကဖိန်း နှင့် L-theanine ဓာတ်ပါဝင်တာကြောင့် နိုးနိုးကြားကြားရှိစေပြီး အာရုံစူးစိုက်မှုကို မြှင့်တင်ပေးပါတယ်။ ချော်ကလက်ပူပူထဲကို သစ်ဂျပိုးခေါက် ထည့်ပြီးသောက်သုံးပေးပါကလည်း သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးကာ ပင်ပန်းနွမ်းနယ်ခြင်းတွေကို ပျောက်ကင်းစေပါတယ်။
(၃) ကြက်ဥစားပါ

Photo : Freepik
သုတေသီတွေရဲ့အဆိုအရ မနက်စာကို ကြက်ဥစားသုံးပေးကြတဲ့သူတွေဟာ မစားသုံးတဲ့သူတွေထက် အားအင်ပိုမိုပြည့်ဝနေတတ်ကြတယ်လို့ ဆိုထားပါတယ်။ ကဖိန်းနဲ့ကြက်ဥဟာ သင့်ရဲ့မနတ်ခင်းလေးကို လန်းဆန်းတတ်ကြွစေပါတယ်။
(၄) နိုးစက်ကို အိပ်ရာနဲ့ ဝေးရာမှာ ထားပါ

Photo : Freepik
နိုးစက်ကို အိပ်ရာဘေးမှာ ထားတာထက် လက်လှမ်းမမီတဲ့ နေရာမှာ ထားတာက ပိုကောင်းပါတယ်။ ဒါက မနက်ခင်းနိုးစက်မြည်တာနဲ့ အိပ်ရာပေါ်က ထဖို့အကောင်းဆုံးနည်းလမ်းပါ။ ဘာလို့လဲဆိုတော့ အိပ်ရာဘေးမှာ ထားပြီးအိပ်ရင် နိုးစက်ကို ပြန်ပိတ်ပြီး အိပ်တတ်ကြလို့ပါပဲ။နိုးစက်ကို အိပ်ရာနဲ့ဝေးရာမှာ ထားမယ်ဆိုရင် နိုးစက်မြည်တာနဲ့ အိပ်ရာပေါ်က ခွာပြီးသား ဖြစ်သွားမှာပါ။