success

လူငယ်တွေဘာကြောင့် ဘာသာစကားလေ့လာသင့်လဲ

လူငယ်တွေအနေနဲ့ အားလပ်ချိန်တွေကိုအကျိုးရှိရှိကုန်ဆုံးဖို့နဲ့ ကိုယ်ရည်ကိုယ်သွေးမြင့်တက်စေဖို့အကောင်းဆုံးအလေ့အကျင့်တစ်ခုက ဘာသာစကားလေ့လာတာပါပဲ။ ဘာသာစကားတစ်ခုအသစ်လေ့လာတာဟာ အလုပ်အကိုင်အခွင့်အလမ်းတွေလဲရစေသလို ဦးနှောက်ကိုလေ့ကျင့်ခန်းလုပ်ပေးရာလည်းရောက်ပါတယ်။ ဒါဆိုနောက်ထပ် ဘာသာစကားလေ့လာခြင်းရဲ့ကောင်းကျိုး (၅) ချက်ကိုအသေးစိတ်ပြောပြပေးပါမယ်။

(၁) မှတ်ဉာဏ်ကောင်းစေတယ်


Photo : Freepik

ဦးနှောက်ဆိုတာ အသုံးပြုလေ လုပ်ဆောင်မှုတွေပိုကောင်းလေလေပါ။ ဘာသာစကားအသစ်ရဲ့ ဝေါဟာရတွေနဲ့ရင်းနှီးကျွမ်းဝင်လာသည်သာမက သိထားသမျှကိုပြန်လည်တွေးတောအသုံးချတာက ဦးနှောက်မှတ်ဉာဏ်အားကိုလေ့ကျင့်ပေးသလိုဖြစ်စေပါတယ်။

(၂) ဦးနှောက်စွမ်းရည်ကိုမြှင့်တင်ပေးတယ်


Photo : Freepik

ဘာသာစကားအသစ်တခုဟာ စည်းမျဉ်းတွေ၊ ဖွဲ့စည်းတည်ဆောက်ပုံတွေနဲ့ ဝေါဟာအသစ်တွေကိုလေ့လာရတာဖြစ်လို့အနည်းငယ်ရှုပ်ထွေးနိုင်ပါတယ်။ တနည်းအားဖြင့်ဘာသာစကားလေ့လာတဲ့အခါ သင့်ဦးနှောက်က ခက်ခဲရှုပ်ထွေးမှုအသစ်ကို စီမံရတဲ့သဘောဖြစ်လို့ ဦးနှောက်ရဲ့ပြဿနာဖြေရှင်းနိုင်စွမ်းနဲ့ သင်ယူလေ့လာနိုင်စွမ်းတွေကို တိုးတက်လာစေတယ်။

(၃) ပိုမိုကောင်းမွန်တဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေရနိုင်တယ်


Photo : Freepik

ဘာသာစကားနှစ်မျိုး(သို့) နှစ်မျိုးအထက်ကျွမ်းကျင်တာက အလုပ်နဲ့ပတ်သတ်တဲ့အင်တာဗျူးမှာ တစ်ဘက်လူထက်အခွင့်အရေးပိုရစေပါတယ်။ ဒါ့အပြင် လစာပိုကောင်းတာ၊ ရာထူးအရပိုမိုကောင်းမွန်တာတွေအပြင် တခြားလုပ်ငန်းခွင်ဆိုင်ရာအခွင့်အလမ်းတွေပါ ရနိုင်ပါတယ်။

(၄) Multi-Tasking ကို မြှင့်တင်ပေးတယ်


Photo : Freepik

Multi-Tasking လို့ခေါ်တဲ့ အလုပ်တွေကိုတပြိုင်နက်လုပ်ဆောင်နိုင်တဲ့စွမ်းရည်ဟာ အလေ့အကျင့်မရှိတဲ့လူတွေအဖို့ အလွန်စိတ်ဖိစီးမှုဖြစ်စေပါတယ်။ လေ့လာမှုတခုအရ ဘာသာစကားမျိုးစုံကျွမ်းကျင်တဲ့ သူတွေဟာ ဘာသာစကားတခုကနေတခုကိုကူးပြောင်းပြောဆိုတဲ့အခါ Multi-Tasking စွမ်းရည် ကောင်းတာတွေ့ရပြီး စိတ်ဖိစီးမှုကိုလဲလျော့ကျစေပါတယ်။

 

Leave a Comment