Food

သင့်ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးပြီး ကျန်းမာလှပစေမယ့် အစားအစာများ

လူတိုင်းက ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာများကို အချိန်ပေးပြီး မစားနိုင်လောက်အောင် အလုပ်များလွန်းကြပါတယ်။ လွယ်လင့်တကူ စားသုံးနိုင်မယ့် အသင့်စားအစားအစာများ၊ အပြင်စာများကိုသာ အဓိကထား စားသုံးနေမယ်ဆိုရင်တော့ သင့်ရဲ့ကျန်းမာရေးသည် တဖြည်းဖြည်း ယိုယွင်းလာပါလိမ့်မယ်။

ယခုချက်ချင်းတော့ သင် သတိထားမိမှာမဟုတ်ပါဘူး။ အသက်ကြီးလာမှသာလျှင် ငယ်ငယ်က အစားအသောက်မဆင်ခြင်ခဲ့ခြင်းရဲ့အကျိုးဆက်တွေကို ပြန်ခံစားနေရတတ်ပါတယ်။ ထိုကဲ့သို့ မဖြစ်ချင်ဘူးဆိုရင်တော့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစားများကို အခုကတည်းက စားသုံးပေးလိုက်ပါ။ သင့်ခန္ဓာကိုယ်ထဲရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးပြီး ခန္ဓာကိုယ်ကို ကျန်းမာလှပစေမယ့် အစားအစာများကတော့…

သကြားမုန်လာ


သကြားမုန်လာထဲတွင် သံဓာတ်၊ ကယ်လ်စီယမ်ဓာတ်နှင့် Antioxidant များ ကြွယ်ဝစွာပါဝင်ပြီး ကျွန်တော်တို့ရဲ့အသည်းထဲမှာရှိတဲ့ ပျက်စီးယိုယွင်းနေသောဆဲလ်များကို ပြန်လည်ကောင်းမွန်စေပြီး အသည်းရဲ့လုပ်ငန်းဆောင်တာကိုလည်း ကူညီပေးနိုင်ပါတယ်။

ကြက်သွန်နီနှင့် ကြက်သွန်ဖြူ


ကြက်သွန်အနီရော အဖြူရော နှစ်ခုစလုံးမှာ အသည်းအတွက်လိုအပ်တဲ့ Antioxidant များ ပါဝင်ပြီး အစာချေစနစ်ကောင်းမွန်စေကာ အဆိပ်အတောက်များကိုလည်း အလွယ်တကူဖယ်ရှားပေးပါတယ်။ ဒါ့အပြင် ကိုယ်ခံစွမ်းအားကိုလည်း ကောင်းမွန်စေတဲ့အတွက်ကြောင့် နေ့တိုင်းမှီဝဲသင့်ပါတယ်။

အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ


အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်ထဲမှာ ကလိုရိုဖီးလ်များ ပါဝင်ပြီး ထိုကလိုရိုဖီးလ်သည် ခန္ဓာကိုယ်ထဲမှာ စုပုံနေတဲ့ လေးလံပြီး ဖယ်ရှားရခက်သော အဆိပ်အတောက်များကို ဖယ်ရှားပေးဖို့ရန်အတွက် ကူညီပေးပါတယ်။

သံပုယိုရည် (သို့) သံပုရာရည်


အချဉ်ဓာတ် ကြွယ်ဝတဲ့သစ်သီးများသည် ဗီတာမင်စီဓာတ် ပါဝင်တဲ့အတွက်ကြောင့် အစာချေစနစ်အတွက် အထူးကောင်းမွန်ပြီး အသည်းရဲ့လုပ်ငန်းဆောင်တာများကို လွယ်ကူလျင်မြန်စွာလုပ်ဆောင်နိုင်အောင် ကူညီပေးပါတယ်။

ဒိန်ချဉ်


ပရိုဘိုင်အိုတစ်များ ကြွယ်ဝစွာပါဝင်တဲ့ အစားအစာတစ်ခုကတော့ ဒိန်ချဉ်ပဲဖြစ်ပါတယ်။ ဒိန်ချဉ်သည် အစာချေစနစ်ကို ကောင်းမွန်စေတဲ့အပြင် ကိုယ်ခံစွမ်းအားကိုလည်း မြှင့်တင်ပေးပါတယ်။ ဒါ့အပြင် အူလမ်းကြောင်းအတွက် လိုအပ်တဲ့ ကောင်းတဲ့ဘက်တီးရီးယားများကိုလည်း ပေါက်ဖွားစေပြီး အဆိပ်အတောက်များကိုတော့ ဖယ်ရှားပေးပါတယ်။

ဂျင်း


ဂျင်းသည် အစာအိမ်အက်စစ်များ ထုတ်လုပ်မှုကို မြှင့်တင်ပေးပြီး ခန္ဓာကိုယ်ထဲရှိ ကပ်ပါးကောင်များကို ဖယ်ရှားပေးပါတယ်။ ဂျင်းကို ပျားရည်၊ သံပုယိုရည်တို့ဖြင့် အတူတကွ ရောသောက်ပေးမယ်ဆိုရင်တော့ ခန္ဓာကိုယ်အတွက် အထူးကောင်းမွန်ပါတယ်။

မုန်လာဥနီ


မုန်လာဥနီထဲတွင် ဗီတာမင်အေနှင့် Beta-Carotene ဓာတ်တို့ ကြွယ်ဝစွာပါဝင်ပါတယ်။ ထိုဓာတ်များသည် သင့်ရဲ့နှလုံးသွေးကြောများ သွေးလည်ပတ်မှုကောင်းမွန်အောင် ကူညီပေးပြီး ကိုယ်ခံစွမ်းအားကိုလည်း မြှင့်တင်ပေးပါတယ်။

Source: Brightside.me

Leave a Comment