Technology

ဆိုရှယ်မီဒီယာ မသုံးဖြစ်တဲ့အချိန်တွေမှာ ဘာတွေလုပ်လို့ရနိုင်မလဲ

ဆိုရှယ်မီဒီယာတွေဟာ ယနေ့ခေတ်လူတွေရဲ့နေ့စဉ်ဘဝမှာ မပါမဖြစ်တဲ့အရာတစ်ခု ဖြစ်နေပါပြီ။ သို့သော် ဆိုရှယ်မီဒီယာတွေကို အချိန်တိုင်းလိုလို သုံးလာတဲ့အခါ စိတ်ပိုင်းဆိုင်ရာ ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးတွေ ထိခိုက်မှုတွေရှိလာကြ ပြန်ပါတယ်။ ဒါကြောင့် ဆိုရှယ်မီဒီယာတွေကို အချိန်တစ်ခုသတ်မှတ်ပြီးသုံးသင့်သလို ဆိုရှယ်မီဒီယာလုံးဝမသုံးတဲ့နေ့မျိုးတွေလည်း သတ်မှတ်ထားသင့်ပါတယ်။ ဒါဆို ဆိုရှယ်မီဒီယာမသုံးဖြစ်တဲ့အချိန်တွေမှာ ဘာတွေလုပ်ကြမလဲ။ ဘယ်အရာတွေနဲ့အချိန်ကုန်ဆုံးကြမလဲဆိုတာ ဆက်ဖတ်ကြည့်လိုက်ရအောင်ပါ။

(၁) စကားလက်ဆုံဖွဲ့ပါ


Photo : Freepik

ဆိုရှယ်မီဒီယာပေါ်ကမဟုတ်ဘဲ တကယ့်ပြင်ပလောကမှာလည်း လူတွေနဲ့ ဆက်သွယ်ပြောဆိုမှုမျိုးရှိဖို့ အရေးကြီးပါတယ်။ ဒါ့ကြောင့် ဆိုရှယ်မီဒီယာအသုံးမပြုတဲ့အချိန်တွေမှာ မိသားစုနဲ့ဝိုင်းဖွဲ့စကားပြောတာ ၊ သူငယ်ချင်းတွေနဲ့ တွေ့ဆုံတာ ၊ အိမ်နီးနားချင်းတွေနဲ့ စကားစမြည်ပြောဆိုတာမျိုးတွေလုပ်သင့်ပါတယ်။ လူတွေနဲ့ဆက်သွယ်မှုရှိမှလည်း သင်တစ်ယောက်တည်း အထီးကျန်တဲ့ခံစားမှုမျိုး မခံစားရမှာဖြစ်ပါတယ်။

(၂) ကိုယ့်ကိုယ်ကိုဂရုစိုက်ပါ


Photo : Freepik

ဆိုရှယ်မီဒီယာအသုံးမှု လျော့ချနေတဲ့အချိန်မျိုးမှာ ကိုယ့်ကိုယ်ကိုပိုပြီး ဂရုစိုက်ဖို့အကောင်းဆုံးပါပဲ။ နေ့လည်နေ့ခင်း တရေးတမောအိပ်စက်အနားယူတာ ၊ အသားအရေထိန်းသိမ်းတာ ၊ အကြိုက်ဆုံးကော်ဖီဆိုင်သွားပြီး စာအုပ်ဖတ်တာ စသည်ဖြင့်လုပ်နိုင်ပါတယ်။ ဒီနည်းလေးတွေနဲ့ ကိုယ့်ကိုယ်ကို ဂရုစိုက်ပြီး စိတ်နဲ့ခန္ဓာကိုယ်ကို ကောင်းကောင်းအနားယူပေးသင့်ပါတယ်။

(၃) အေးချမ်းမှုကိုရှာဖွေပါ


Photo : Freepik

နေ့စဉ်နဲ့အမျှ ကြုံတွေ့နေရတဲ့ စိတ်ပင်ပန်းမှုတွေ ၊ ဖိအားတွေကြောင့် စိတ်ရောလူပါပင်ပန်းနေပြီဆိုရင် စိတ်ကိုအေးချမ်းအောင်ပြန်လည် လုပ်ဆောင်ပေးဖို့လိုပါတယ်။ စိတ်ကိုကျန်းမာအောင်ထားဖို့က အရမ်းအရေးကြီးတဲ့အတွက် ဆိုရှယ်မီဒီယာမသုံးတဲ့အချိန်မှာ ဆူညံ့မှုကင်းဝေးတဲ့နေရာတစ်ခုမှာ တိတ်ဆိတ်စွာအနားယူပါ။ တရားထိုင်တာ ၊ ယောဂလေ့ကျင့်ခန်း ပြုလုပ်တာမျိုးတွေလည်း လုပ်နိုင်ပါတယ်။

(၄) အိမ်မွေးတိရစ္ဆာန်နဲ့အချိန်ကုန်ဆုံးပါ


Photo : Freepik

အိမ်မွေးတိရစ္ဆာန်လေးတွေက စိတ်ဖိစီးမှုလျော့ပေးနိုင်တဲ့ လူတွေအတွက်အကောင်းဆုံးအဖော်ဖြစ်ပါတယ်။ ဒါကြောင့်ဆိုရှယ်မီဒီယာမသုံးတဲ့အချိန်တွေမှာ အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ ဆော့ကစားတာ ၊ လမ်းလျောက်ထွက်တာ ၊ Pet Spa လိုက်ပို့တာမျိုးတွေ လုပ်နိုင်ပါတယ်။ အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့အချိန်ကုန်ဆုံးရတာဟာ စိတ်ပေါ့ပါးပျော်ရွှင်စေပြီး စိတ်ဖိစီးမှုလည်း နည်းပါတယ်။

Leave a Comment