Health

သင့်ဘဝရဲ့ပျော်ရွှင်မှုတွေကိုပျက်စီးစေတဲ့ အလေ့အကျင့်ဆိုးတွေ

အလေ့အကျင့်ဆိုးတွေကိုကွီးတို့ကို စိတ်ဆင်းရဲစေပါတယ်။ ဒီနေ့ကနေစပြီးတော့ ကွီးတို့အတွက် မကောင်းဘူးထင်တဲ့ အရာတွေက ဘဝထဲကနေထုတ်ပလိုက်ပါ။ မကောင်းတဲ့အရာတွေ ဖယ်သွားရင်ကောင်းတဲ့အရာတွေအတွက် နေရာရှိလာပါတယ်။အခုပြောပြပေးမှာကတော့ သင့်ဘဝရဲ့ပျော်ရွှင်မှုတွေကိုပျက်စီးစေတဲ့ အလေ့အကျင့်ဆိုးတွေအကြောင်းပါ။


Photo : Freepik

ရည်မှန်းချက်တွေကို ရွှေ့ဆိုင်းတာဟာ ကိုယ်ရည်မှန်းထားတဲ့ နေရာကိုရောက်ဖို့ အတား အဆီးတခုဖြစ်လာနိုင်ပါတယ်။ ပြင်ပအနှောက်အယှက်တွေထက်လည်းပိုပြီးတော့ အတားအဆီးဖြစ်စေပါတယ်။ဒီနေ့ကနေစပြီးတော့ ရှေ့ကိုတစ်လမ်းတိုးလိုက်ပါ။နောက်နေ့မှာလည်းထိုနည်း အတိုင်းလုပ်ပါ။တစ်နေ့တစ်လှံ ပုဂံဘယ်မရွေ့ဆိုတဲ့အတိုင်းတစ်လမ်းခြင်းလမ်းပါ။ အရမ်းကြီး အလျင်လိုနေစရာမလိုပါဘူး။ တစ်နေ့ကိုယ်လိုရာ ပန်းတိုင်ကို ရနိုင်မှာအမှန်ပါပဲ။

Comfort Zone ကနေရုန်းထွက်လိုက်ပါ။ဘဝမှာချိုမြိန်တဲ့ ဆုလဒ်တွေရရှိဖို့ အတွက်စွန့် စားဖို့လိုအပ်ပါတယ်။ ပျော်ရွှင်မှုဆိုတာဘဝရဲ့ခါးသီးမှုတွေနာကြည်မှုတွေကို ရှောင်းရှားပြီးမှရလာတဲ့အရာမဟုတ်ပါဘူး။ ပျော်ရွှင်မှုကိုလိုချင်ရင် ကိုယ့်ရဲ့အိပ်မက်နဲ့ ပြင်းပြတဲ့ ရည်မှန်းချက်တွေနောက်ကိုလိုက်ပါ။သက်တောင့်သက်သာနေရတဲ့ ဘဝကနေအမြန်ဆုံး ရုန်းထွက်လိုက်ပါ။


Photo : Freepik

ပြဿနာတစ်ခုခုဖြစ်ရင် ရှောင်ထွက်ပြေးဖို့ထက်ဘယ်လိုဖြေရှင်းရမလဲအဖြေရှာပါ။အလုပ်ထဲမှာ အမှားလုပ်မိလို့ ပြဿနာတာကို ရှက်စရာတစ်ခုအနေနဲ့ မမြင်မိပါစေနဲ့။ ဒါကလေ့လာသင်ယူဖို့အတွက် အခွင့်အရေးတစ်ခုပါ။ အမှားတွေကနေသင်ခန်းစာယူတတ်အောင်ကြိုးစားပါ။ အမှားဆိုတာလူတိုင်းနဲ့ မကင်းပါဘူး။

ပြင်ဆင်လို့မရတော့တဲ့အတိတ်က နောင်တရစရာအဖြစ်အပျက်တွေ ကိုပြန်တွေးနေမယ်ဆိုရင် ကိုယ့်အတွက်အကျိုးတစုံတရာမရှိပါဘူး။အလားတူ မရောက်လာသေးတဲ့ မသေချာသေးတဲ့ အနာဂတ် ကိုစိတ်ထဲစွဲနေမယ်ဆိုရင်လည်း မျက်စိရှေ့မှောက်မှာရှိတဲ့ အခွင့်အရေးတွေ လက်လွှတ်ရတတ်ပါတယ်။အတိတ်က အဖြစ်အပျက်တွေဆီကနေ သင်ခန်းစာယူတာ၊ အနာဂတ်ကို အစီအစဉ်စွဲတာတွေက ကောင်းတဲ့အရာတွေပါ။ ဒါပေမဲ့လက်ရှိပစ္စုပ္ပန်မှာ နေထိုင်ပါ။

Leave a Comment