Love

သင်ဖောက်ပြန်ခံနေရပြီဆိုတာ ဘယ်လိုသိနိုင်မလဲ

ဖောက်ပြန်တယ်ဆိုတာ တကယ်တော့ယောကျာ်း မိန်းမခွဲခြားလို့ရတဲ့အရာတစ်ခုမဟုတ်ပါဘူး။ အမျိုးသားတွေကပဲ ဖောက်ပြန်တက်တယ်လို့ ထင်နေရင်တော့ သင်မှားသွားနိုင်ပါတယ်။ လေ့လာမှုတွေအရ အမျိုးသမီးတွေကလည်း အမျိုးသားတွေနည်းတူ ဖောက်ပြန်ခြင်းတွေကို ကျူးလွန်တက်ကြတာဖြစ်ပါတယ်။ဒီနေ့မှာတော့ သင့်ချစ်သူကောင်မလေး ဖောက်ပြန်နေတယ်ဆိုတာသိနိုင်မဲ့ အချက်တွေကို ပြောပြပေးချင်ပါတယ်။


Photo : Freepik

လူတိုင်းလူတိုင်းမှာ တခြားသူတစ်ယောက်ကိုပေးမသိချင်တဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေရှိတက်ပါတယ်။ ချစ်သူနှစ်ဦးကြားမှာလည်း ရှိကောင်းရှိနိုင်ပါတယ်။သို့သော်လည်း သူမရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေနဲ့ ပတ်သတ် ပြီး ပုံမှန်မဟုတ်တဲ့အမူအရာတွေပြုလုပ်လာပြီဆိုရင်တော့ သတိထားသင့်ပြီလို့ပြောရမှာပါပဲ။ဥပမာ သူမရဲ့ ဖုန်းကိုယူကိုင်လိုက်ချိန်မှာ ကြောက်လန့်တကြား ပြန်လုယူတာမျိုး အလုပ်အခြေအနေတွေမေးရင် မကြိုက်တာမျိုးစသည်ဖြင့် ပြုမူနေတယ်ဆိုရင် သင်မသိစေချင်တဲ့ ဖုံးကွယ်ထားမှုတချို့ရှိနေတယ်ဆိုတာ တွက်ဆကြည့်လို့ရပါတယ်။

ကိုယ်အပေါ် တစ်စုံတစ်ရာဖောက်ပြန်လိမ်ညာထားတဲ့ သူတစ်ယောက်အတွက်တော့ ကိုယ်နဲ့ အချိန်ကြာကြာ မျက်လုံးချင်းစုံကြည့်ဖို့ဆိုတာ တော်တော်လေးကို ခက်ခဲတဲ့အလုပ်တစ်ခုဖြစ်နေပါလိမ့်မယ်။ မျက်လုံးဆိုတာ စိတ်ရဲ့ပြတင်းတံခါးတစ်ချပ်လို့ ပြောလို့ရပြီး မျက်လုံးကနေ ဖုံးကွယ်ထားတဲ့အရိပ်အရောင်တွေကို မြင်တွေ့နိုင်ပါတယ်။အရင်က တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မဝဖြစ်ပေမဲ့ သူမဖောက်ပြန်နေပြီဆိုရင်တော့ သင့်နဲ့အကြည့်ချင်းစုံဖို့ကို ကြောက်လန့်တွန့်ဆုတ်နေပါလိမ့်မယ်။


Photo : Freepik

များသောအားဖြင့် သင်ချစ်သူဟာဖောက်ပြန်နေပြီဆိုရင် သူမရဲ့ တစ်နေ့တာလှုပ်ရှားမှု အချိန်တွေတော်တော်များများက ပြောင်းလဲလာပါလိမ့်မယ်။ အလုပ်တွေအရင်ကထက်ပိုများလာမယ်။ အားလပ်ရက်တွေမှာတောင် သူမရဲ့တခြားသော လုပ်ငန်းဆောင်တာ ကိစ္စတွေအတွက် အချိန်ပြည့်နေမယ်။ သင်အပေါ်အချိန်ပေးတယ်ဆိုတာ တော်တော်လေးရှားသွားပါလိမ့်မယ်။ နောက်ပြီးသူမအနေနဲ့ သင်နဲ့မတွေ့ဖြစ်တဲ့အချိန်တွေမှာ ဘယ်သွားနေတယ်ဘယ်သူတွေနဲ့ရှိနေတယ်ဆိုတာကို ပြောပြဖို့ ဝန်လေးနေတက်ပါတယ်။ဒါတွေက ဖောက်ပြန်မှုရဲ့ အရိပ်လက္ခဏာတွေဖြစ်ပါတယ်။

ဖောက်ပြန်နေပြီဆိုရင် သူမအနေနဲ့ လက်ရှိ အချစ်ရေးအပေါ်မှာ အလိုမကျမှုတွေ ပြစ်တင်မှုတွေများပါလိမ့်မယ်။ သင့်ကိုလည်း ဘာမဟုတ်တဲ့ ကိစ္စတွေအတွက် အကြီးအကျယ်စကားများရတာမျိုးတွေ အပြစ်တင်ခြင်းတွေ ပြုလုပ်လာပါလိမ့်မယ်။သင့်နဲ့ တည်ဆောက်ထားရတဲ့အချစ်ရေးဟာ သူမအတွက် ပျော်ရွှင်မှုမရှိတော့ဘူးဆိုတဲ့ အရိပ်အယောင်မျိုးတွေဆက်တိုက်ပြလာမယ်။ နောက်ဆုံးသင့်နဲ့ ဘာပြဿနာမှ မရှိရင်တောင်အရင်လိုသင့်ကို ချစ်တယ်ဆိုတဲ့စကားတစ်ခွန်းပြောထွက်ဖို့ တော်တော်လေးကို ခက်ခဲနေပါလိမ့်မယ်။ အေးတိအေးစက်အခြေအနေမျိုးနဲ့ သင့်အပေါ် ငြိုငြင်မှုတွေ အပြစ်တင်မှုတွေဆက်တိုက်လုပ်နေမယ်ဆိုရင် ဒါဟာဖောက်ပြန်ခြင်းရဲ့ အမူအရာတစ်ခုပဲလို့ဆိုနိုင်ပါတယ်။

Leave a Comment