Uncategorized









လမ်းမပေါ်ထွက် ဈေးရောင်းရခြင်းမှာ အိမ်မှာမနေချင်၍ဖြစ်ပြီး သားသမီးများမှ ကိတ်မုန့်မရောင်းဖို့ တားဆီးသော်လည်း ကျန်းမာရေးအရ ဟုဆိုခဲ့၍ ပြောမရသည်နှင့် လွှတ်ထားပေးခဲ့သည်။

Rain (For Ialinks)

Unicode

လမ်းမပေါ်တွင် ကိတ်မုန့်လိုက်ရောင်းနေသော အဖိုးအိုမှာ အမှန်တကယ် သူဌေးတစ်ဦးဖြစ်နေခဲ့

လောကကြီးတွင် လူတိုင်းကို အပြင်ပန်းကြည့်ရုံနှင့် မည်သို့ရှိသည်ကို မဆုံးဖြတ်သင့်ပါ။ယခုအခါတွင်လည်း တရုတ်နိုင်ငံမှ အသက် ၈၀အရွယ် အဖိုးအိုတစ်ဦးသည် နေ့စဥ်နှင့်အမျှ လမ်းမပေါ်ထွက်ပြီး ကိတ်မုန့်များကို ရောင်းချခဲ့သည်။

အဖိုးအိုသည် မီးပွိုင့်အနီးတွင် မီးနီမိပြီး ကားများ ဆိုင်ကယ်များ ရပ်နေမည်ကို စောင့်နေပြီး အနားထိသွားကာ ရောင်းချနေသည်မှာ ၁၀နှစ်ပင်ကြာခဲ့သည်။

အဖိုးအိုသည် မီးနီပြီဆိုတာနှင့် ကားဆီသို့အပြေးအလွှားသွားခြင်းဖြင့် အန္တရာယ်များလှ၍ အများမှ စိုးရိမ်နေကြချိန်တွင် အဖိုးအိုဧ။်ဘဝဖြစ်ရပ်မှန်ကို အံ့အားသင့်စွာ ကြားသိခဲ့ရသည်။

အမှန်တကယ်တော့ ကိတ်မုန့်အဖိုးအိုသည် သူဌေးတစ်ဦးဖြစ်ကာ တိုက်အိမ်ကြီးနှင့် အခြားသော ပစ္စည်းများကို သားသမီးအား အမွေအဖြစ် လွှဲပေးခဲ့သည်။

လမ်းမပေါ်ထွက် စျေးရောင်းရခြင်းမှာ အိမ်မှာမနေချင်၍ဖြစ်ပြီး သားသမီးများမှ ကိတ်မုန့်မရောင်းဖို့ တားဆီးသော်လည်း ကျန်းမာရေးအရ ဟုဆိုခဲ့၍ ပြောမရသည်နှင့် လွှတ်ထားပေးခဲ့သည်။

Rain (For Ialinks)

Leave a Comment